ရိုးတွင်းခြင်ဆီ ဖောက်ထုတ်စစ်ဆေးခြင်း ( Bone marrow aspiration)

ရိုးတွင်းခြင်ဆီ ဖောက်ထုတ်စစ်ဆေးခြင်း ( Bone marrow aspiration)

ရေးသားသူ Dr. Thin Yadanar @ Frances

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

    

သွေးကင်ဆာဖြစ်နေတဲ့ လူနာတွေကို စမ်းသပ်စစ်ဆေးမှုတွေလုပ်ရင် ရိုးတွင်းခြင်ဆီ ဖောက်ထုတ်စစ်ဆေးရတယ်ဆိုတာ အားလုံးသိကြမှာပါ။ အရမ်းနာတယ်လို့လည်း ကြားဖူးကြတယ်မလား။ ကျောကုန်းကြီးကိုကွေးပြီးတော့ ခါးဆစ်ရိုးထဲ အပ်ထိုးပြီး အထဲက ဆဲလ်အရည်လေးတွေကို ဖောက်ထုတ်စုပ်ယူတဲ့ မြင်ကွင်းမျိုးကို ရုပ်ရှင်တွေထဲမှာ မြင်ဖူးကြတယ်ဟုတ် ။ ။
ဘာကြောင့် ရိုးတွင်းခြင်ဆီ ဖောက်ထုတ်စစ်ဆေးကြတာလဲ ။။

ရိုးတွင်းခြင်ဆီဆိုတာ သွေးဆဲလ်တွေကို ထုတ်လုပ်ပေးတဲ ့နေရာတစ်ခုဖြစ်တာကြောင့် သွေးဆဲလ်တွေ မူမမှန်တဲ့ ပြဿနာတစ်ခုခုဖြစ်နေတဲ့ လူနာတွေကို ဘယ်ဆဲလ်မှာ ဘာချို့ယွင်းချက်ရှိနေတာ၊ ဘာရောဂါဖြစ်နေတာဆိုတာ သိဖို့အတွက် ဖောက်ထုတ်စစ်ဆေးကြတာပါ။
 ရိုးတွင်းခြင်ဆီ ဖောက်ထုတ်စစ်ဆေးလိုက်ရင် သိနိုင်တဲ့ ရောဂါတွေကတော့

    Anemia – သွေးနီဥဆဲလ်တွေနည်းနေတဲ့ရောဂါ
    myelofibrosis နဲ့ myelodysplastic syndrome လို့ခေါ်တဲ့ ရိုးတွင်းခြင်ဆီရောဂါတွေ
    သွေးဆဲလ်ပြဿနာတွေဖြစ်တဲ့ ( leukopenia) သွေးဖြူဥ အရေအတွက်နည်းနေတာနဲ့ (polycythemia vera ) သွေးနီဥဆဲလ်တွေ အများကြီးဖြစ်နေတာ
    leukemia တို့ lymphoma တို့လို သွေးကင်ဆာတွေ
    hemochromatosis လို့ခေါ်တဲ ့မွေးရာပါ သံဓာတ်များနေတဲ့ ရောဂါနဲ့
    TB ရောဂါ ( ဦးနှောက်တီဘီရောဂါ)

    amyloidosis  (ဒါမှမဟုတ်) Gaucher’s disease လို့ခေါ်တဲ့ ရိုးတွင်းခြင်ဆီကနေ ပုံမှန် မဟုတ်ဘဲထုတ်လိုက်တဲ့ amyloid ပရိုတင်းတွေ  ကိုယ်အဂါင်္ အစိတ်အပို်င်းတွေမှာ သွားစုပြီး အင်္ဂါအစိတ်အပို်င်းတွေ  ပျက်စီးကုန်တဲ့ ရောဂါ ။။  တွေရှိမရှိ ရိုးတွင်းခြင်ဆီ ဖောက်ထုတ်ပြီး စစ်ဆေးလေ့ရှိကြပါတယ်။

ရိုးတွင်းခြင်ဆီ ဖောက်ထုတ်စစ်ဆေးခြင်းမှာ ဘယ်လိုဘေးထွက် ဆိုးကျိုးတွေ ရှိနို်င်သလဲ ။ ။

    ထုံဆေးနဲ့ ဓာတ်မတည့်တာ
    ဖောက်လိုက်တဲ့နေရာမှာ သွေးအထွက်လွန်တာ
    ရောဂါပိုးဝင်တာနဲ့
    အပ်ထိုးထားတဲ့နေရာက အောင့်ပြီးနာနေတာတွေ ဖြစ်နိုင်ပါတယ်။ ဒီလို ပြဿနာတွေဟာ အဖြစ်နည်းတယ်ဆိုပေမယ့် နဂိုတည်းက သွေးဖြူဥဆဲလ်တွေ ပုံမှန် မဟုတ်လို့ ခုခံအားနည်းနေတဲ့သူတွေ၊ သွေးတိတ်စေတဲ့ platelet ဆဲလ်ပုံမှန် မဟုတ်လို့ သွေးမတိတ်ရောဂါ ခံစားနေရသူတွေမှာတော့ သတိထားသင့်တဲ့ စစ်ဆေးမှု တစ်ခုပါ။

ရိုးတွင်းခြင်ဆီ ဖောက်ထုတ်ပြီးရင် ဘာတွေ ခံစားရလေ့ရှိသလဲ ။ ။

    ရိုးတွင်းခြင်ဆီဖောက်ပြီး တစ်ပတ်လောက်ကို ဖောက်ထားတဲ့နေရာကနေ နာတာ၊ အောင့်နေတာမျိုးတွေ ခံစားရတတ်ပါတယ်။ ဒီနာကျင်မှုတွေဟာ အကိုက်အခဲပျောက်ဆေး သောက်လိုက်တာနဲ့တင် သက်သာသွားမှာပါ။
    အပ်ဖောက်ထားတဲ့အနာကိုလည်း ပိုးမဝင်အောင် ဆရာဝန်တွေ ညွှန်ကြားတဲ့အတိုင်း သေချာသန့်သန့်ရှင်းရှင်းထားဖို့ လိုအပ်ပါတယ်။
    အနာကို ခြောက်နေအောင်ထားပါ။ ရေမစိုပါစေနဲ့။

ဒီဖောက်ထုတ်ထားတဲ့ ရိုးတွင်းခြင်ဆီ နမူနာကို ဆရာဝန်တွေကို ဓာတ်ခွဲစမ်းသပ်ပြီးတော့ ရလာတဲ့ အဖြေပေါ်မူတည်ပြီး သင့်တော်တဲ့ ကုသမှုမျိုး ပေးမှာ ဖြစ်ပါတယ်။ ဒါတွေကတော့ ရိုးတွင်းခြင်ဆီ ဖောက်ထုတ်စစ်ဆေးခြင်းနဲ့ ပက်သက်တဲ့ သင်မသိသေးတဲ့ အချက်တွေပဲဖြစ်ပါတယ်။ ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly