ထိုင်းကမ်းခြေမှ ကီလိုမီတာ ၂၂၀ မှာ မျောနေတဲ့ ခွေးလေးအား ကယ်တင်

ထိုင်းကမ်းခြေမှ ကီလိုမီတာ ၂၂၀ မှာ မျောနေတဲ့ ခွေးလေးအား ကယ်တင်

ဘန်ကောက်၊ ဧပြီ ၁၇ ။     ။ ထိုင်းကမ်းရိုးတန်းမှ ကီလိုမီတာ ၂၂၀ အကွာ ပင်လယ်ထဲ မျောပါရင်း ခြေကုန်လက်ပန်းကျနေတဲ့ ခွေးလေးဟာ ကယ်ဆယ်ခံရပြီး ဘဝသစ်တစ်ဖန် ရရှိပါတယ်။

ရေနံတူးစင်က အလုပ်သမားတစ်ဦးက ခွေးလေးကို ကယ်တင်ခဲ့တာ ဖြစ်ပြီး သူကပဲ ခွေးလေးကို မွေးမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

ပင်လယ်ထဲက ကယ်ဆယ်ခဲ့ရတဲ့ ခွေးလေးဟာ အထီးဖြစ်ပြီိး အညိုရောင်ရှိပါတယ်။ သူ့သခင်သစ်က ဖိုးကံကောင်းလို့ အဓိပ္ပာယ်နဲ့ ခွေးလေးကို ဘွန်ရော့လို့ နာမည် ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က ထိုင်းပင်လယ်ကွေ့က လှိုင်းတွေကြား ခေါင်းလေးပေါ်ရုံသာ ရှိတဲ့ ခွေးလေးကို တွေ့ရှိပြီး ကယ်တင်ခဲ့တာပါ။

ကမ်းခြေကနေ ကီလိုမီတာ ၂၂၀ အကွာ ပင်လယ်ထဲ ဒီခွေးလေး ဘယ်လို ရောက်နေခဲ့တာနဲ့ ဘယ်လောက်ကြာအောင် ပင်လယ်ထဲ မျောနေခဲ့သလဲဆိုတာကိုတော့ မသိနိုင်ပါဘူး။

ဒါပေမယ့် ဒီခွေးလေးဟာ ငါးဖမ်းသင်္ဘောတစ်စီးစီးပေါ်က ပြုတ်ကျလာတာဖြစ်နိုင်ပြီး ရေနံတူးစင်ဆီ ကူးခပ်လာခဲ့တာ ဖြစ်မယ်လိို့ ဌာနေသတင်းတွေက ဖော်ပြကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly