ကမ္ဘာ့ တတိယ အကြီးဆုံး ဒီမိုကရေစီ အင်ဒိုနီးရှားနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပ

ကမ္ဘာ့ တတိယ အကြီးဆုံး ဒီမိုကရေစီ အင်ဒိုနီးရှားနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပ

ဂျကာတာ၊ ဧပြီ ၁၇ ။      ။ ကမ္ဘာ့ တတိယအကြီးဆုံး ဒီမိုကရေစီ အင်ဒိုနီးရှားနိုင်ငံမှာ ဧပြီ ၁၇ ရက်က ရွေးကောက်ပွဲ ကျင်းပရာ သမ္မတ ဂျိုကိုဝီဒိုဒိုနဲ့ ဇနီးဖြစ်သူတို့ လာရောက်မဲပေးတာကို တွေ့မြင်ရပါတယ်။

တစ်ရက်တည်းအပြီး ကျင်းပတဲ့ ဒီရွေးကောက်ပွဲမှာ ဟဲလ်ဗီးမက်တယ်ဂီတကို မြတ်နိုးတဲ့ သမ္မတ ဝီဒိုဒိုဟာ ဗိုလ်ချုပ်ကြီဟောင်း ဆူဘီယန်တိုနဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။

သမ္မတ ဝီဒိုဒိုဟာ ၂၀၁၄ ရွေးကောက်ပွဲတုန်းက ပွတ်ကာသီကာ အနိုင်ရခဲ့တာဖြစ်ပြီး ခုတစ်ခါမှာ ၎င်းတို့နှစ်ဦးကြား ပြန်လည်ယှဉ်ပြိုင်ကြတာပဲ ဖြစ်ပါတယ်။

သမ္မတ ရာထူးကနေ ဒေသဆိုင်ရာ အစိုးရတာဝန်ရှိသူ ရာထူးတွေအထိ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းဟာ ၂၄၅၀၀၀ ခန့် ရှိထားပါတယ်။

အခု ရွေးကောက်ပွဲဟာ ဂရင်းနစ်စံတော်ချိန် နံနက် ခြောက်နာရီမှာ စတင်ကျင်းပပြီး နာရီအတန်ကြာမှာ မဲပေးမှု ပြီးစီးကာ လျင်လျင်မြန်မြန် မဲရေတွက်နေတာကြောင့် ကနဦး မဲရလဒ် မကြာခင်မှာ ကြေညာဖြစ်ဖို့ ရှိနေပါတယ်။

ရွေးကောက်ပွဲ အနိုင်ရသူတွေကိုတော့ မေလအတွင်းမှာ ရွေးကောက်ပွဲကော်မရှင်က တရားဝင် ကြေညာမှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly