ʻမက်ဆီမှာ ခြားနားတဲ့ အဆင့်အတန်းတစ်ခုရှိနေပါတယ်။ သူတို့က နှစ်ကျော့လုံးမှာ ကျနော်တို့ ထက် (၂) ဆင့်လောက် မြင့်မားခဲ့တယ်လို့ ဝန်ခံလိုက်တဲ့ ဆိုးလ်ရှား

ʻမက်ဆီမှာ ခြားနားတဲ့ အဆင့်အတန်းတစ်ခုရှိနေပါတယ်။ သူတို့က နှစ်ကျော့လုံးမှာ ကျနော်တို့ ထက် (၂) ဆင့်လောက် မြင့်မားခဲ့တယ်လို့ ဝန်ခံလိုက်တဲ့ ဆိုးလ်ရှား
Photos: EPA

လီယွန်နယ် မက်ဆီက မန်ချက်စတာယူနိုက်တက်နဲ့ ဘာစီလိုနာတို့ကြား ကွာခြားချက်အားလုံးကို ပြုလုပ်ပြသွားခဲ့တယ်လို့ ဆိုးလ်ရှားက ပြောဆိုသွားခဲ့ပါတယ်။

အိုးထရက်ဖို့ဒ်ရဲ့ နည်းပြဟာ ဒုတိယအကျော့မှာ ပွဲချိန်အစောပိုင်းက ၂ ဂိုးသွင်းယူခဲ့တဲ့ အသက် ၃၁ နှစ်အရွယ် တိုက်စစ်မှူးဆီက နောက်ထပ် စွဲဆောင်ဖွယ်ရာ စွမ်းဆေင်မှုမျိုးကို တွေ့မြင်ခဲ့ပါတယ်။

ဘာစီလိုနာအသင်းအတွက် တတိယမြောက်ဂိုးကို ကော်တင်ဟိုက သွင်းယူခဲ့ပြီး ပွဲအပြီးမှာတော့ ၃-၀ ဂိုးနဲ့ နိုင်ပြီး နှစ်ကျော့ပေါင်းရလဒ် ၄-၀ ဂိုးနဲ့ မန်ယူကို အနိုင်ရခဲ့ပါတယ်။ မန်ယူအသင်းအတွက်တော့ ဥရောပပြိုင်ပွဲမှာ နှစ်ကျော့လုံး အရှုံးပေးခဲ့ရတာကြောင့် ဆိုးဝါးခဲ့ပါတယ်။

ဆိုးလ်ရှားက ဘာကြောင့်ကလပ်နှစ်သင်းကြား အလွန်ကြီးမားတဲ့ ကွာဟမှုဘာကြောင့်ရှိခဲ့တယ်ဆိုတာကို ဝန်ခံသွားခဲ့ပါတယ်။

"မက်ဆီဟာ ထိပ်တန်းအရည်အသွေးဖြစ်တယ်လို့ ပြောပါရစေ။ သူဟာ ခြားနားတဲ့ ကစားသမားတစ်ဦးပါ"လို့ ဆိုးလ်ရှားက BT Sport ကို ပြောခဲ့ပါတယ်။ "၂-၀ ဖြစ်ပြီးနောက်မှာ ပွဲက ပြီးဆုံးသွားခဲ့ပါပြီ။

သူ့ဆီမှ ခြားနားတဲ့ အဆင့်အတန်းတစ်ခုရှိပါတယ်။ မက်ဆီနဲ့ ခရစ္စတီယာနိုတို့ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်ရဲ့ အကောင်းဆုံး ကစားသမားတွေဖြစ်ပါတယ်။ လူတိုင်းကလည်း ဒါကို သဘောတူညီကြပါတယ်။

ဘာစီလိုနာလိုအသင်းမျိုးနဲ့ နှိုင်းယှဉ်ခြင်းဟာ ရည်မှန်းချက်ဖြစ်ပြီး ဒါက ကလပ်အသင်းရဲ့ ရိုးရာအမှန်ကို ပြန်လည် ပိုင်ဆိုင်ဖို့ လိုအပ်တာကြောင့် အလုပ်တွေအများကြီး လုပ်သွားရမှာဖြစ်တယ်လို့ ဆိုးလ်ရှားက ပြောပါတယ်။

"ကျနော်တို့ ဘာစီလိုနာရဲ့ အဆင့်အတန်းမျိုး ပြန်လည်ရယူဖို့ဆိုရင် ကျနော်တို့ အဲဒီနေရာမှာ ရယူနိုင်ပါတယ်။ ဒါပေမယ့် အလုပ်တွေ အများကြီး လုပ်ရဖို့ ရှိတယ်။"

"သူတို့က နှစ်ကျော့လုံးမှာ ကျနော်တို့ ထက် ၂ ဆင့်လောက် မြင့်မားခဲ့ပါတယ်။"

"ကျနော်တို့ဟာ ဒီလိုပွဲစဉ်တွေကို နောက်နှစ်မှာလည်း ကစားလိုကြပါတယ်။ ဒီ့အတွက် ကျနော်တို့ လေးလံခက်ခဲတဲ့ ရက်သတ္တပတ်တွေကိုဖြတ်သန်းရပါတော့မယ်။ ကျနော်တို့ ဒီတစ်ပတ်မှာ လိဂ်ပြိုင်ပွဲတွေဖက် အာရုံစိုက်ကြရပါတော့မယ်။"

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly