ရိုက်တာ မြန်မာသတင်းထောက်နှစ်ဦး ပူလစ်ဇာဆု ချီးမြှင့်ခံရ

ရိုက်တာ မြန်မာသတင်းထောက်နှစ်ဦး ပူလစ်ဇာဆု ချီးမြှင့်ခံရ
Photo: Lynn Bo Bo/EPA

ရိုက်တာ မြန်မာသတင်းထောက်နှစ်ဦးကို ဂျာနယ်လစ်ဇင်မှာ ဂုဏ်သတင်းအကြီးဆုံး ဆုတစ်ဆုဖြစ်တဲ့ ပူလစ်ဇာဆု ချီးမြှင့်ခံရကြောင်း CNN သတင်းက ဖော်ပြပါတယ်။

နယူးယောက်က ပူလစ်ဇာစင်တာကနေပြီး တနင်္လာနေ့မှာ ရိုက်တာအမှုထမ်းကို နိုင်ငံတကာသတင်းတင်ဆက်မှုအတွက် ပူလစ်ဇာဆု ပေးအပ်ခဲ့တာပါ။

ဒီလို ပေးအပ်တာဟာ နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားစေမှုနဲ့ အင်းစိန်ထောင်မှာ ထောင်ခုနစ်နှစ် ချမှတ်ခံနေရတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့အတွက် ပေးအပ်တာကြောင်း အထူးဖော်ညွှန်းပါတယ်။

၎င်းတို့နှစ်ဦးဟာ ၂၀၁၇ ခုနှစ်မှာ စတင်တဲ့ စစ်တပ်ဦးဆောင်တဲ့ စစ်ဆင်ရေး တစ်စိတ်တစ်ပိုင်းမှာ အနောက်စွန်ဖျား အင်းဒင်ကျေးရွာမှာ ဘင်္ဂါလီမွတ်စလင် ၁၀ ဦး သတ်ဖြတ်ခံရမှုကို စုံစမ်းထောက်လှမ်းပြီး သတင်းရေးသားရာမှာ ဦးဆောင်ပါဝင်ခဲ့တာပါ။

မြန်မာအစိုးရကတော့ ၂၀၁၇ သြဂုတ်လမှာ ရဲစခန်းတွေကို တိုက်ခိုက်ခဲ့တဲ့ ဘင်္ဂါလီ(မူရင်း ရိုဟင်ဂျာဟု ဖော်ပြ) အကြမ်းဖက်တွေကို ပစ်မှတ်ထားပြီး စစ်ဆင်ရေးဆင်နွှဲတာလို့ ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly