လူသတ်မှုကျူးလွန်သူ မြန်မာ ၃ ဦးကို ကန်ချနဘူရီခရိုင်စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးရမိ

လူသတ်မှုကျူးလွန်သူ မြန်မာ ၃ ဦးကို ကန်ချနဘူရီခရိုင်စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးရမိ

ဘန်ကောက် ဧပြီ ၁၆ ။        ။ ထိုင်းနိုင်ငံ၊ ပထုန်ဌာနီခရိုင်၊ မီ(င်)မြို့နယ် ဌာန်ရဘူရီရပ်ကွက်တွင် ဖြစ်ပွားခဲ့သော မြန်မာနိုင်ငံသားအချင်းချင်း လူသတ်မှုကျူးလွန်ခဲ့သူ မြန်မာနိုင်ငံသား ၃ ဦးကို နေရပ်ပြန်ရန် ကြိုးစားနေစဉ် ဖမ်းမိခဲ့သည်ဟု သိရသည်။

ဖြစ်စဉ်မှာ ဧပြီလ ၁၄ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်က ကန်ချနဘူရီခရိုင်၊ အိမ်ပြန်တုံးထုပေးသည့် နေရာသို့ ရောက်လာသည့် မြန်မာနိုင်ငံသား ၃ ဦးအား မသင်္ကာသဖြင့် လူဝင်မှုကြီးကြပ်ရေးဌာနနှင့် ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးခဲ့ရာမှ ယင်းသို့ ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

ဖမ်းဝရမ်းစာပါအချက်အလက်တို့အား တိုက်ဆိုင်စစ်ဆေးမေးမြန်းခဲ့ရာ လူသတ်မှုကျူးလွန်ခဲ့သူများဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့ပါသည်ဟု ဖြေဆိုခဲ့ကြသည်ဟု မြန်မာအလုပ်သမားအရေးအကူအညီပေးရေးအဖွဲ့မှ ကိုစောမောင်က မဇ္ဈိမသို့ ပြောသည်။

ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း ထိုင်းနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် မြန်မာနိုင်ငံသားအချင်းချင်း လူသတ်မှုမှ တိမ်းရှောင်နေသူများဖြစ်သည်ဟု သိရသည်။

အဆိုပါလူများကို ဖမ်းဆီးရမိရေးအတွက် ပထုန်ဌာနီရဲစခန်းစစ်ဆေးရေးဌာနမှ တရားရုံးထံ အမှုဖြစ်စဉ်အား တင်ပြပြီး ဧပြီလ ၁၂ ရက်နေ့တွင် ကျူးလွန်သူပုံများနှင့်ဖမ်းဆီးဝရမ်းကို ထိုင်း မြန်မာနယ်စပ်ဂိတ်များအသီးသီးရှိ
လူဝင်မှုကြီးကြပ်ရေးဌာနများနှင့် ရဲစခန်းများထံ ဖြန့်ဝေအကြောင်းကြားထားခဲ့သည်။

သင်္ကြန်ကာလ နေရပ်ပြန်သည့်မြန်မာအလုပ်သမားများအား X ray အိမ်ပြန်တုံးထုသည့် နေရာများတွင် စီစစ်ရန် ညွှန်ကြားချက် ထုတ်ပြန်ထားခဲ့ခြင်း ဖြစ်သည်။

ကျူးလွန်သူများမှာ ကိုခင်မောင်သန်း အသက်(၃၇)နှစ် နိုင်ငံကူးလက်မှတ်(MC-430297) ဝရမ်းစာ အမှတ် (184/2562)12.4.2019၊ ကိုနိုင်နိုင် အသက်(၂၀)နှစ် နိုင်ငံကူးလက်မှတ်(MD-255129) ၊ ဝရမ်းစာအမှတ် (185/2562)12.4.2019 ၊ ကိုချစ်ကိုလင်း အသက် (၂၂)နှစ် နိုင်ငံကူးလက်မှတ် (MD-257547) ဝရမ်းစာ အမှတ်(186/2562)12.4.2019 တို့ကို လူသတ်မှုကျူးလွန်ခဲ့သည့် နယ်မြေရဲတပ်ဖွဲ့ထံ ပြန်လည် လွှဲပြောင်း ပေးအပ်ခဲ့သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly