မန်ယူဟာ ‘အခွင့်အရေးတွေ အရယူဖို့’ လိုအပ်တယ် - ဆိုးလ်ရှား

မန်ယူဟာ ‘အခွင့်အရေးတွေ အရယူဖို့’ လိုအပ်တယ် - ဆိုးလ်ရှား

၁၉၉၉ ခုနှစ်က မန်ချက်စတာယူနိုက်တက်ရဲ့ အကျော်ကြားဆုံး သမိုင်းဝင်ပြန်လာနိုင်ခဲ့တဲ့ ပွဲစဉ်မှာ အရေးပါခဲ့တဲ့ ဆိုးလ်ရှားဟာ အင်္ဂါနေ့မှာတော့ ဘာစီလိုနာနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိအကျော့ကို ရင်ဆိုင်ဖို့ နည်းပြတစ်ဦအနေနဲ့ နူးကမ့်ကို ရောက်ရှိလာမှာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ် ၂၀ ကြာက ယူနိုက်တက်ဟာ နူးကမ့်မှာ ၁-၀ ဆိုတဲ့ရလဒ်နဲ့ ဘိုင်ယန်မြူးနစ်ကို ရှုံးနိမ့်နေခဲ့ပြီး ပွဲစဉ်ပြီးဆုံးကာနီး ၉၃ မိနစ်အချိန်မှာ ဆိုးလ်ရှားရဲ့ သွင်းဂိုးကြောင့် သမိုင်းဝင် အောင်ပွဲခံနိုင်ခဲ့ပါတယ်။

အခုတော့ ဆိုးလ်ရှားဟာ ပထမအကျော့ ၁-၀ အရှုံးနဲ့ နူးကမ့်ကွင်းထဲ တကျော့ပြန် ရောက်ရှိလာမှာဖြစ်ပြီး သူတို့ဟာ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်ဖို့အတွက်ဆိုရင် နောက်ထပ် အံ့သြဖွယ်ရာကို လုပ်ပြဖို့လိုပါတယ်။

"အမှန်ပါပဲ။ ဒါဟာ ကျနော်အတါက် ထူးခြားတဲ့ အမှတ်တရတစ်ခုဖြစ်ပါတယ်။ (အင်္ဂါနေ့မှာ) ကျနော်တို့ ၉၃ မိနစ်မှာ ဂိုးသွင်းခဲ့မယ်ဆိုရင် ကျနော် အံ့သြမှာ မဟုတ်ပါဘူး။ ကျနော်တို့ နာကျင်အချိန်ပိုရခဲ့ရင် ကျနော်တို့ဟာ ကြံ့ခိုင်မှုအပြည့်ရှိတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ ကျနော်တို့ဟာ အခွင့်အရေးတွေကို ဖန်တီးလိမ့်မယ်လို့ ကျနော်တို့ သိထားပါတယ်။"လို့ ဆိုးလ်ရှားက တနင်္လာနေ့က ဘာစီလိုနာနဲ့ ချန်ပီယံလိဂ်ကွတားဖိုင်နယ် ဒုတိယအကျော့ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

နည်းပြ ဗယ်လ်ဗာဒီက မက်ဆီအနေနဲ့ ဒုတိယအကျော့ကို ကစားဖို့ အသင့်ဖြစ်ပြီး ကြံ့ခိုင်မှုပိုင်း ကောင်းမွန်တယ်လို့ ပြောဆိုသွားပါတယ်။

ဘာစီလိုနာအသင်းဟာ ၄ နှစ်ကြာမှာ ပထမဆုံးအကြိမ်အဖြစ် ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ရေးအတွက် စနေနေ့က ဂိုးမရှိသရေကျတဲ့ ဟူဆာကာနဲ့ပွဲမှာ မက်ဆီအပါအဝင် ကစားသမား ၁၀ ဦးကို အနားပေးခဲ့ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly