ဘာလီကျွန်းမှာ ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြသူတွေကို အင်ဒိုနီးရှား အာဏာပိုင်တွေ ဖြိုခွင်း

ဘာလီကျွန်းမှာ ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြသူတွေကို အင်ဒိုနီးရှား အာဏာပိုင်တွေ ဖြိုခွင်း

ဂျကာတာ၊ ဧပြီ ၁၅ ။       ။ ဘာလီကျွန်းမှာ ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြကြတဲ့ ပါပူဝါကျောင်းသား ဒါဇင်များစွာကို အင်ဒိုနီးရှားအာဏာပိုင်တွေဟာ ဖြိုခွင်းလူစုခွဲခဲ့ပါတယ်။

ကမ္ဘာ့တတိယအကြီးဆုံး ဒီမိုကရေစီနိုင်ငံ အင်ဒိုနီးရှားမှာ လာမယ့် ဗုဒ္ဓဟူးနေ့ဆိုရင် ရွေးကောက်ပွဲတွေ ကျင်းပတော့မှာ ဖြစ်ပါတယ်။

မွတ်စလင်အများစု အင်ဒိုနီးရှားရဲ့ အကြီးဆုံး ရွေးကောက်ပွဲ မတိုင်ခင်မှာ ဆန္ဒပြကြသူတွေက ရွေးကောက်ပွဲကို သပိတ်မှောက်ပြီး နိုင်ငံရဲ့ အရှေ့စွန်းဖျားပိုင်း ပါပူဝါနဲ့ အနောက်ပါပူဝါ ပြည်နယ်တွေမှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပေးဖို့ တောင်းဆိုဆန္ဒပြကြတာပဲ ဖြစ်ပါတယ်။

လာမယ့် ရွေးကောက်ပွဲမှာ မဲပေးနိုင်သူ သန်း ၁၉၀ ဟာ သမ္မတနေရာ၊ လွှတ်တော်နေရာနဲ့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေ နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်း ၂၄၅၀၀၀ ကျော်ကို မဲပေး ရွေးကောက်ရမှာ ဖြစ်ပါတယ်။

ဒီ တစ်ကြိမ်ရွေးကောက်ပွဲမှာ အရှေ့တောင်အာရှ အင်ဒိုနီးရှားနိုင်ငံကို စီးပွားရေး ဦးမော့အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ လက်ရှိ သမ္မတ ဝီကိုကို တစ်ပြေးနေပါတယ်။

ဒါပေမယ့် ဆယ်စုနှစ် နှစ်ခုကြာ ဒီမိုကရေစီ မြဲမြံခဲ့တဲ့ အင်ဒိုနီးရှားမှာ ဝီဒိုဒိုရဲ့ အဓိက ပြိုင်ဖက်အဖြစ် ဆူဟာတို အာဏာရှင်ခေတ်ကို နောက်ကြောင်းပြန်ချင်နေတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝိုဆူဘီယန်တိုက အဓိက စိန်ခေါ်လျက် ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly