ပရီးမီးယားလိဂ်ချန်ပီယံဆုကြီး ထပ်မံသိမ်းပိုက်သွားဖို့ ပွဲစဉ်တိုင်းကို အနိုင်ကစားရမယ် - ဂွာဒီယိုလာ

ပရီးမီးယားလိဂ်ချန်ပီယံဆုကြီး ထပ်မံသိမ်းပိုက်သွားဖို့ ပွဲစဉ်တိုင်းကို အနိုင်ကစားရမယ် - ဂွာဒီယိုလာ

တနင်္ဂနွေနေ့က ခရစ္စတယ်ပဲလေ့စ်ကို ၃-၁ ဂိုးနဲ့ အနိုင်ရပြီးနောက် နည်းပြ ဂွာဒီယိုလာက မန်ချက်စတာစီးတီအသင်းအနေနဲ့ လက်ကျန် ပရီးမီးယားလိဂ် ၅ ပွဲစလုံးကို မဖြစ်မနေအနိုင်ကစားမှသာ လီဗာပူးလ်ကို ကျော်ဖြတ်ပြီး ချန်ပီယံဆုကို ထပ်မံသိမ်းပိုက်သွားနိုင်မယ်လို့ အခိုင်အမာပြောကြားသွားခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ပဲလေ့စ်ကို နောက်ဆုံး နှစ်ကြိမ်တွေ့ဆုံမှုမှာ အနိုင်မရခဲ့ပဲ ဒီပွဲမှာလည်း ကစားရခက်ခဲပေမယ့် စတာလင်ရဲ့ သွင်းဂိုး ၂ ဂိုး၊ ဂျေးဆူ ၁ ဂိုးတို့က သွင်းပေးခဲ့တာကြောင့် ပဲလေ့စ်ကို ၃-၁ ဂိုးနဲ့ လိုအပ်တဲ့ အနိုင်ရလဒ်ကို ရယူသွားနိုင်ခဲ့ပါတယ်။

တနင်္ဂနွေနေ့ပွဲစဉ်မှာ လီဗာပူးလ်အသင်းကလည်း မာနေး၊ ဆာလာတို့ရဲ့ ဂိုးတွေနဲ့ ချယ်လ်ဆီးကို ၂-၀ ဂိုးပြတ်နဲ့အနိုင်ရခဲ့တာကြောင့် မန်စီးတီးအသင်းကို ၁ ပွဲအသာနဲ့ ဇယားထိပ်ကနေ ဦးဆောင်ခွင့်ရခဲ့ပါတယ်။

"လီဗာပူးလ်အသင်းဟာ လက်ကျန်ပွဲတွေ အားလုံးကို အနိုင်ရနိုင်စွမ်းရှိတယ်လို့ ကျနော် ထင်ပါတယ်။"လို့ ဂွာဒီယိုလာက ပြောပါတယ်။ "ပရီးမီးယားလိဂ်ရပ်တည်မှုမှာ ကျနော်တို့ လက်ထဲမှာပဲရှိနေသေးပြီး ကျနော်တို့ဟာ လက်ကျန်ပွဲတွေအားလုံး အနိုင်ကစားဖို့ လိုအပ်ပါတယ်။"

"ကျနော်တို့ လီဗာပူးလ်အသင်းနဲ့ နှစ်ကျော့ရလဒ်ကို လိုချင်ရင်တော့ ပရီးမီးယားလိဂ်ဆုကြီးအတွက် အခွင့်အရေးမရှိပါဘူး။"

လက်ရှိပရီးမီးယားလိဂ်ဇယားမှာတော့ လီဗာပူးလ်က ၈၅ မှတ်နဲ့ ထိပ်ဆုံးက ဦးဆောင်နေပြီး မန်စီးတီးက တစ်ပွဲလျော့ ၈၃ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly