ကမ္ဘောဒီးယားမှာ ခမာနှစ်သစ်ကူးရေကစားပွဲတော် ကျင်းပ

ကမ္ဘောဒီးယားမှာ ခမာနှစ်သစ်ကူးရေကစားပွဲတော် ကျင်းပ

ဖနွမ်းပင်၊ ဧပြီ ၁၄ ။     ။ ကမ္ဘောဒီးယားနိုင်ငံမှာ ခမာနှစ်သစ်ကူးပွဲတော်အဖြစ် ရေကစားပွဲတော်ကို ပြည်သူအများ ပျော်ရွှင်စွာ ဆင်နွှဲကြပါတယ်။

ဧပြီ ၁၆ ရက်အထိ ကျင်းပမှာဖြစ်တဲ့ ခမာနှစ်သစ်ကူး ရေကစားပွဲတော်မှာ လမ်းတွေပေါ် ပြည်သူတွေဟာ တစ်ဦးကို တစ်ဦး ရေပက်ဖျန်းပြီး ဆင်နွှဲပျော်ရွှင်ကြတာ ဖြစ်ပါတယ်။

နှစ်သစ်ကူး ရေကစားပွဲတော်ကို အာရှနိုင်ငံတွေဖြစ်တဲ့ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ တရုတ်ရဲ့ ယူနန်ပြည်နယ်တို့မှာ ကျင်းပဆင်နွှဲကြပါတယ်။

ဒီ နှစ်သစ်ကူး အတာရေသဘင်ပွဲတော်မှာ လူတွေဟာ ဗုဒ္ဓရုပ်ပွားတော်တွေကို အမွှေးနံ့သာရေတွေနဲ့ ရောင်ခြည်တော်ဖွင့် သပ္ပာယ်တဲ့ ကုသိုလ်ကောင်းမှုတွေကို ပြုလုပ်ကြပါတယ်။

နှစ်ဟောင်းက အညစ်အကြေးတွေ ဆေးကြောပြီး နှစ်သစ်မှာ ကောင်းမွန်မှုတွေ၊ ပျော်ရွှင်ချမ်းမြေ့မှုတွေနဲ့ ကြွယ်ဝချမ်းသာမှုတွေ ဆောင်ကြဉ်းစေကြောင်း စိတ်မွန်ကောင်းနဲ့ ရေကစားပွဲတော်တွေကို ကျင်းပကြတာပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly