ပခုက္ကူတည်းခိုခန်းတွင် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည့်အမှုမှ သံသယရှိသူအား ဖမ်းမိ

ပခုက္ကူတည်းခိုခန်းတွင် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည့်အမှုမှ သံသယရှိသူအား ဖမ်းမိ
ရဲတပ်ဖွဲ့မှ တိမ်းရှောင်သူအား ဖမ်းမိထားစဉ်။ 

ပခုက္ကူ၊ ဧပြီ ၁၅ ။        ။ပခုက္ကူမြို့ရှိ ​​တည်းခိုခန်းတစ်ခုတွင်​ လာရောက်တည်းခိုသူအမျိုးသမီး သေဆုံးမှုမှ သံသယရှိသူအား ရဲတပ်​ဖွဲ့မှ ဧပြီ ၁၄ ရက်​​နေ့ ညပိုင်းက  စောင့်ဆိုင်းဖမ်​းဆီးမိခဲ့သည်​။

တိမ်းရှောင်နေသူ နိုင်လင်းအောင်၏ အစ်ကိုတော်စပ်သူနေအိမ်အား သတင်းအရ  ရဲတပ်​ဖွဲ့မှ လာရောက်စောင့်ဆိုင်းစဉ် နိုင်လင်းအောင်က ပတ်ဝန်းကျင်ရှိ အိမ်ခေါင်မိုးများပေါ်သို့ တက်ပြေးသဖြင့် ရဲတပ်ဖွဲ့မှ ရာဘာကျည်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် မတ် ၂၅ ရက်က ဖြစ်ပွားခဲ့သည့် အမျိုးသမီးသေဆုံးမှုတွင် သေဆုံးသူ အမျိုးသမီးမှာ ...........တည်းခိုခန်းသို့ အ​ဖော်​ဖြစ်​သူ နိုင်​လင်​း​အောင်​ဆိုသူနှင်​့​ မတ်​လ ၁၈ ရက်​​နေ့ ဝန်​းကျင်​ခန့်က လာ​ရောက်​တည်​းခို​နေခြင်​းပြီး မတ်​လ ၂၄ ရက်​​နေ့ ညပိုင်းက ဒဏ်​ရာအချို့ဖြင့်​သေဆုံးခဲ့ကာအတူပါလာသည့် အမျိုးသားမှာ ထွက်​​ပြေးတိမ်​း​ရှောင်​​နေခဲ့ခြင်​းဖြစ်​သည်​။

အဆိုပါ အမှုအား ပခုက္ကူမြို့မရဲစခန်​းတွင်​ လူသတ်​မှုပုဒ်​မ ၃၀၂ ဖြင့် မတ်​၂၆ ရက်​​နေ့က အမှုဖွင်​့လှစ်​ထားခဲ့ခြင်​းဖြစ်​သည်။

အမှုနှင့်ပတ်​သက်​၍ သေဆုံးသူမှာ ဦး​ခေါင်းထိခိုက်​ဒဏ်​ရာ​ကြောင့် ဦး​နှောက်​အတွင်း ​သွေးယိုစိမ်​့၍ ​သေဆုံးခဲ့ခြင်​းဖြစ်​သည်​ဟု မှုခင်းဆရာဝန်​က ဧပြီလ ၄ ရက်​​နေ့က ပြောဆိုထားသည်။

ထို့နောက် ရဲဘက်မှ ဓမ္မတာအတိုင်း သေဆုံးခြင်းမဟုတ်ဟု ဆေးစာပေးပို့ စစ်ဆေးပြီးနောက် သေဆုံးသွားသူ အမျိုးသမီးကို မတ်လ ၂၅ ရက်က ပခုက္ကူသုဿာန်တွင် မြေမြှုပ်သင်္ဂြိုဟ်ခဲ့သည်။

လက်ရှိတွင် နိုင်လင်းအောင်ကို ဒဏ်ရာများဖြင့် ဖမ်းဆီးနိုင်ခဲ့ပြီး အမှုနှင့်ပတ်သက်ပြီး စစ်ဆေးသွားမည် ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly