ဖင်လန်နိုင်ငံမှာ အတိုက်အခံ အနိုင်ဖို့ များနေတဲ့ ရွေးကောက်ပွဲ မဲစတင်ပေးနေ

ဖင်လန်နိုင်ငံမှာ အတိုက်အခံ အနိုင်ဖို့ များနေတဲ့ ရွေးကောက်ပွဲ မဲစတင်ပေးနေ

ဟယ်လ်ဆင်ကီ၊ ဧပြီ ၁၄ ။      ။ ဖင်လန်နိုင်ငံမှာ ဧပြီ ၁၄ ရက်မှာတော့ အထွေထွေရွေးကောက်ပွဲတစ်ရပ်ကို စတင်မဲပေးနေကြပြီ ဖြစ်ပါတယ်။

အခု ရွေးကောက်ပွဲမှာ ဗဟိုလက်ဝဲ အစိုးရအတွက် အရေးလှလိမ့်မှာ မဟုတ်ဘူးလို့ ခန့်မှန်းရပါတယ်။ ဘာကြောင့်လည်းဆိုတော့ အစိုးရရဲ့ အသုံးစရိတ်ဖြတ်တောက်မှု လုပ်ငန်းစဉ်တွေကို ဆန့်ကျင်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတဲ့ကြားမှာ ကျင်းပလာတဲ့ ရွေးကောက်ပွဲ ဖြစ်တာကြောင့်ပါ။

လက်ယာစွန်းပါတီကတော့ တော်တော်များများ မဲအနိုင်ရလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

မဲရုံတွေကို ဒေသစံတော်ချိန် နံနက် ကိုးနာရီမှာ ဖွင့်လှစ်ချိန် ဟယ်လ်ဆင်ကီမြို့တော်ဟာ တိတ်ဆိတ်နေပါတယ်။

မဲပေးနိုင်တဲ့ ဦးရေရဲ့ သုံးပုံတစ်ပုံဖြစ်တဲ့ ပြည်သူ ၁ ဒသမ ၅ သန်းဟာ ခုလအတွင်း သီတင်းတစ်ပတ်တာ ကြိုတင်မဲ ကောက်ယူမှုမှာ မဲပေးထားကြပြီး ဖြစ်ပါတယ်။

“ကြိုတင်မဲ ပေးထားကြပြီးတာကြောင့် ဒီခရိုင်ထဲ မဲပေးရမယ့် ဦးရေဟာ ၁၇၀၀ လောက်ပဲ ရှိတော့တာ ဖြစ်တယ်။”လို့ စာသင်ကျောင်းတစ်ကျောင်းမှာ ဖွင့်လှစ်ထားတဲ့ ဗီဆာဟယ်လ်ဆင်ကီရွေးကောက်ပွဲရုံးက ပြောပါတယ်။

ရွေးကောက်ပွဲ မတိုင်မီ မဲဆွယ်စည်းရုံးမှု စကားစစ်ထိုးပွဲတွေမှာ လက်ရှိအစိုးရရဲ့ ပြည်သူ့အသုံးစရိတ် လျှော့ချတဲ့ လုပ်ငန်းစဉ်တွေကို နောက်အစိုးရ ဆက်လုပ်သင့်မသင့် ပြောဆိုကြတာ အများစုပါပဲ။

အဓိကမဲရလဒ်နဲ့ အနိုင်ရလိမ့်မယ်လို့ ခန့်မှန်းထားတဲ့ အတိုက်အခံ ဆိုရှယ်လစ်ဒီမိုကရက်တစ်ပါတီကတော့ လက်ရှိအစိုးရ လေးနှစ်တာ ကျင့်သုံးခဲ့တဲ့ ချိုးခြံချွေတာရေးပေါ်လစီကို ဖြေလျော့လျှော့ချမယ်လို့ သံန္ဒိဌာန်ပြု ပြောဆိုထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly