မြောက်ကိုရီးယားနိုင်ငံ တည်ထောင်သူ ကင်အီဆွန်းရဲ့ မွေးနေ့ကို ပန်းပြပွဲနဲ့အတူ ကျင်းပ

မြောက်ကိုရီးယားနိုင်ငံ တည်ထောင်သူ ကင်အီဆွန်းရဲ့ မွေးနေ့ကို ပန်းပြပွဲနဲ့အတူ ကျင်းပ

ပြုံယမ်း၊ ဧပြီ ၁၄ ။         ။ မြောက်ကိုရီးယားနိုင်ငံကို တည်ထောင်သူ ကင်အီဆွန်းရဲ့ မွေးနေ့ နှစ်ပတ်လည် အထိမ်းအမှတ်ပွဲတော် တစ်စိတ်တစ်ပိုင်းအဖြစ် ပန်းပြပွဲဖြစ်တဲ့ ၂၁ ကြိမ်မြောက် ကီမင်ဆန်းဂျာပွဲတော်ကို ပြုံယမ်းမြို့တော်မှာ ဧပြီ ၁၃ ရက်က ကျင်းပပါတယ်။

လက်ရှိခေါင်းဆောင် ကင်ဂျုံးအွန်ရဲ့ အဘိုးဖြစ်သူ ကင်အီဆွန်းရဲ့ မွေးနေ့ဟာ ဧပြီ ၁၅ ရက်မှာ ဖြစ်ပြီး မြောက်ကိုရီးယားနိုင်ငံအတွက် အဲဒီနေ့ဟာ နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်လို့ အစိုးရရုံးပိတ်ရက်လည်း ဖြစ်ပါတယ်။

ကင်အီဆွန်းဟာ မြောက်ကိုရီးယားနိုင်ငံမှာ အုပ်ချုပ်သူ ကင်မိသားစုအသိုင်းအဝိုင်းကို ထူထောင်ခဲ့ပြီး ၎င်းရဲ့ အရိုက်အရာကို သားဖြစ်သူ ကင်ဂျုံးအီကို ဆက်ခံစေခဲ့တာပါ။ ကင်ဂျုံးအီ ကွယ်လွန်ခဲ့ပြီးနောက်မှာ လက်ရှိခေါင်းဆောင် ကင်ဂျုံးအွန်က နိုင်ငံကို ဆက်လက်အုပ်ချုပ်နေတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံအနေနဲ့ နျူကလီးယားဖျက်သိမ်းရေးအတွက် အမေရိကန်နဲ့ စေ့စပ်ညှိနှိုင်းမှု အရေးပျက်ပြားထားချိန်ပဲ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တတိယအကြိမ် ထိပ်သီးစည်းဝေးဖို့ လမ်းဖွင့်ထားကြောင်း ကင်ဂျုံးအွန်က ပြောထားပေမယ့် အမေရိကန်က သဘောထားမှန်မှပဲ စေ့စပ်ညှိနှိုင်းဖြစ်လိမ့်မယ်လို့လည်း သတိပေးထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly