မြောက်ကိုရီးယားရဲ့ အမည်ခံ နိုင်ငံတော်အကြီးအကဲကို အစားထိုး ခန့်အပ်

မြောက်ကိုရီးယားရဲ့ အမည်ခံ နိုင်ငံတော်အကြီးအကဲကို အစားထိုး ခန့်အပ်

ပြုံးယမ်း၊ ဧပြီ ၁၂ ။      ။ မြောက်ကိုရီးယားနိုင်ငံဟာ ရေရှည်အမှုထမ်းနေတဲ့ အမည်ခံ နိုင်ငံတော်အကြီးအကဲနေရာမှာ ခေါင်းဆောင် ကင်ဂျုံးအွန်နဲ့ နီးစပ်တဲ့ လက်ထောက်ဖြစ်သူကို အစားထိုးခန့်အပ်ကြောင်း နိုင်ငံပိုင်မီဒီယာက ဧပြီ ၁၂ ရက်မှာ ကြေညာပါတယ်။

အမည်ခံ နိုင်ငံတော်အကြီးအကဲ နေရာမှာ နှစ်ပေါင်း ၂၀ နီးပါး တာဝန်ထမ်းခဲ့သူ ကင်ယောင်နမ်နေရာမှာ ချိုယောင်းဟီးနဲ့ အစားထိုးခန့်အပ်လိုက်တာ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့စာရင်းမှာ ပါရှိနေတဲ့ ချိုယောင်းဟီးအနေနဲ့ ၎င်းဆက်ခံတဲ့ ရာထူးအရ နိုင်ငံတကာဆက်ဆံရေးတွေမှာ ပြုံယမ်းကိုယ်စား ဆောင်ရွက်ရမယ့် အခန်းကဏ္ဍကို တာဝန်ယူရတာပဲ ဖြစ်ပါတယ်။

မြောက်ကိုရီးယားရဲ့ လက်ညိုးထောင်ခေါင်းညိတ်လွှတ်တော် ပြည်သူ့အထူးလွှတ်တော်ချုပ် SPA အစည်းအဝေးမှာ ခုလို နိုင်ငံတော်အကြီးအကဲ ပြောင်းလဲခန့်ထားမှုကို ဆောင်ရွက်ခဲ့တာပဲ ဖြစ်ပါတယ်။

သံတမန်အခင်းအကျင်း ရွှေ့ပြောင်းမှုတွေ အမြင့်ဆုံးဖြစ်နေချိန် ခုလို လုပ်ဆောင်လာတာဟာ ခေါင်းဆောင် ကင်ဂျုံးအွန်အနေနဲ့ အမေရိကန်၊ တရုတ်နဲ့ မြောက်ကိုရီးယားခေါင်းဆောင်တို့ရဲ့ ထိပ်သီးညီလာခံအတွက် စိုင်းပြင်းထားပုံ ရပါတယ်။

ချိုယောင်းဟီးကို ခုလို အမည်ခံ နိုင်ငံတော်အကြီးအကဲ ခန့်အပ်မှုဟာ မြောက်ကိုရီးယား ခေါင်းဆောင်မှုပိုင်းမှာ မျိုးဆက်အပြောင်းအရွှေ့ကို ညွှန်ပြနေကြောင်း အကဲဖြတ်တွေက ပြောပါတယ်။

၁၉၅၀ ခုနှစ်ဖွားဖြစ်တဲ့ ချိုယောင်းဟီးဟာ ကင်ဂျုံးအွန်ရဲ့ ဘယ်လက်ရုံးအဖြစ်လည်း ရှုမြင်ထားခံရသူတစ်ဦး ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly