အီရန်မှာ ပြင်းထန်ဆိုးဝါးတဲ့ ရေကြီးမှုဘေးကြောင့် လူခြောက်သောင်းကျော်ကို နေရပ် ပြောင်းရွှေ့ခိုင်းထား

အီရန်မှာ ပြင်းထန်ဆိုးဝါးတဲ့ ရေကြီးမှုဘေးကြောင့် လူခြောက်သောင်းကျော်ကို နေရပ် ပြောင်းရွှေ့ခိုင်းထား

တီဟီရန်၊ ဧပြီ ၁၁ ။          ။ အီရန်နိုင်ငံ အနောက်တောင်ပိုင်း ကူဇက်စတန်ပြည်နယ်က ရေနံကြွယ်ဝရာ အက်ရှ််ဗက်ဇ် မြို့တော် ရေလွှမ်းမိုးမှုတွေ ဖြစ််ပွားတာကြောင့် အာဏာပိုင်တွေဟာ ပြည်သူထောင်သောင်းများစွာကို ချက်ချင်း ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ ဧပြီ ၁၀ ရက်က အမိန့်ထုတ်လိုက်ပါတယ်။

ရွှေ့ပြောင်းခိုင်းတဲ့ အမိန့်က ခရိုင်နှစ်ခရိုင်ကို အဓိက ထားပေမယ့် ဌာနေတွေကတော့ ပြောင်းရွှေ့ဖို့ကို အင်တင်တင်ဖြစ်နေပြီး အများစုဟာ မပြောင်းဘဲ ဆက်နေကာ ရေဘေးကို ကိုယ်နည်းနဲ့ ကို ရင်ဆိုင်လိုနေတယ်လို့ အေအက်ဖ်ပီသတင်းထောက်တွေက ပြောပါတယ်။

“ကျွန်တော်တို့ အိမ်တွေကို စွန့်ခွာမထားခဲ့နိုင်ဘူး။ အိမ်တိုင်းဟာ အနည်းဆုံး ကလေးသုံးဦးစီ ရှိနေတာ ဖြစ်တယ်။ နောက်ပြီး ကျွန်တော်တို့မှာ ကျွဲနွားတိရစ္ဆာန်တွေလည်း ရှိနေသေးတယ်။ အိမ်ထောင်ပရိဘောဂတွေကိုလည်း ဒီတိုင်း မထားခဲ့နိုင်ဘူး။”လို့ ဒေသခံတစ်ဦးက အမည်မဖော်ဘဲ ပြောပါတယ်။

“ကျွန်တေ်ာတို့တွေ အိမ်အပေါ်ထပ်တွေ ဒါမှမဟုတ်လည်း အိမ်ခေါင်မိုးတွေပေါ်မှှာ တက်နေနိုင်သေးတာပဲ။”လို့ ၎င်းက ဆိုိပါတယ်။

သူက အဲဒီလို ပြောဆိုနေတဲ့ နောက်ခံမှာတော့ ဒေသခံတွေဟာ မီတာအနည်းငယ်သာ ဝေးတော့တဲ့ ရေတက်လာတာကို  တားဆီးနိုင်ဖို့ သဲအိတ်တွေနဲ့ အပြေးအလွှား တာမံတုတ်လျက် ရှိနေကြတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ပြည်နယ်အုပ်ချုပ်ရေးမှူး ဂိုလမ်ရီဇာကတော့ ဖြစ်ပေါ်လာမယ့် အန္တရာယ်တွေကို ကြိုတင်တားဆီးနိုင်ဖိို့အတွက် ရွှေ့ပြောင်းခိုင်းတဲ့ ခရိုင်ငါးခရိုင်ရှိနေတယ်လို့ ပြောပါတယ်။

ဒီလို ရွှေ့ပြောင်းမိန့် ထုတ်ခံရတဲ့ ခရိုင်ငါးခရိုင်မှာ လူဦးရေက ခြောက်သောင်းနဲ့ ခုနစ်သောင်းကြားမှာ ရှိနေတာပဲ ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly