မုံရွာမြို့တွင် သင်္ကြန်ကာလအတွင်း ရေသဘင်ကားအလှပြိုင်ပွဲ ပြသမည်

မုံရွာမြို့တွင် သင်္ကြန်ကာလအတွင်း ရေသဘင်ကားအလှပြိုင်ပွဲ ပြသမည်

မုံရွာ၊ ဧပြီ ၁၁ ။     ။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ကျင်းပပြုလုပ်မည့် ချင်းတွင်းသင်္ကြန်နှင့် မြို့တွင်းသင်္ကြန်ကာလအတွင်း မုံရွာမြို့ခံ နှင့် အနီးနားမြို့များမှ ကားသံချပ် ၊ ကားအလှပြ ၊ ကားရေသဘင်ကို မော်တော်ယာဉ် ၂၄   စီးဖြင့် အလှပြသွားမည်ဟု သိရသည်။

" အမျိုးသားယဉ်ကျေးမှုရေသဘင်ပေါ့ ၊ မုံရွာမြို့နယ်အတွင်းမှရှိတဲ့ အမျိုးသားရေယဉ်ကျေးမှုရေသဘင်မှ ကား အစီးပေါင်း ၂၄ စီး ရှိပါတယ်။ ယာဉ်အလှ ပါတယ်၊ သီချင်းပါတယ်၊ သံချပ်ပါတယ်။ အဓိက ၃ မျိုး ပြိုင်ပွဲ ဝင်မှာပါ၊ အဲဒီ ၃ မျိုး ပြိုင်ပွဲဝင်မယ်။ ယာဉ်အဆင့်အတန်း ဥပမာ-သံဘောင်နဲ့သံဖရိန် ရှိမယ်။ သစ်သားဘောင်နဲ့ ရှိမယ်။ ဒီနှစ်ဆိုရင် အဆင့် ၄ ဆင့် ခွဲထားပါတယ် ၊ ကိုမျိုးဝင်းလေးက သင်္ကြန်ကားတွေအတွက် စုစုပေါင်း ကျပ် သိန်း ၂၀၀ ကျပ်ကို ပံပိုးကူညီပေးထားပါတယ် " ဟု ချင်းတွင်းသင်္ကြန်အခမ်းအနားပြင်ဆင်ရေး ဆပ်ကော်မတီ ဦးကျော်မိုးလှိုင်က ပြောသည်။

အဆိုပါ ကားအလှပြပြိုင်ပွဲ ဝင်ကြမည့် မော်တော်ယာဉ် ၂၃ စီးမှ သင်္ကြန်အကြိုနေ့တွင် ချင်းတွင်းသင်္ကြန် ပြုလုပ်သည့်နေရာတွင် စတင်ပြသထားမည် ဖြစ်ပြီး ကျန်ရှိသည့် သင်္ကြန်ကာလအတွင်း မြို့တွင်းနှင့် ချင်းတွင်း သင်္ကြန်တွင် ဧည်ခံဖျော်ဖြေတင်ဆက်မှုတွေ ပြုလုပ်သွားမည်ဟု သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၏ မြို့တော် မုံရွာမြို့တွင်  စစ်ကိုင်းတိုင်းဒေသကြီးအစိုးရမှ ကြီးမှူးကျင်းပသည့် ဒုတိယအကြိမ််မြောက် ချင်းတွင်းသင်္ကြန်ကို လာရောက်ကြသည့် လူဦးရေသည် သိန်းဂဏန်းခန့်ရှိကြောင်း ပွဲကျင်းပရေးထံမှ သိရသည်။

အဆိုပါ ချင်းတွင်းသင်္ကြန်တွင် ဇုန် ၅ ဇုန် ပါဝင်ပြီး ဖျော်ဖြေရေးမဏ္ဍပ်များ ၊ ရေကစားမဏ္ဍပ်များ ၊ ဆိုင်ခန်းများ ၊ ကလေးကစားကွင်းများ ပါဝင်ကာ အနယ်နယ်အရပ်ရပ်မှ လာရောက်အပန်းဖြေကြခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly