နူးကမ့်မှာ ဘာစီလိုနာကို ရင်ဆိုင်ရမှာက ‘စိန်ခေါ်မှုတစ်ရပ်’ ဖြစ်လာမှာပါ - ဆိုးလ်ရှား

နူးကမ့်မှာ ဘာစီလိုနာကို ရင်ဆိုင်ရမှာက ‘စိန်ခေါ်မှုတစ်ရပ်’ ဖြစ်လာမှာပါ - ဆိုးလ်ရှား
Photos: EPA

မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးရှားလ်က ပဲရစ်မှာ ပီအက်စ်ဂျီအသင်းကို ရင်ဆိုင်ခဲ့တဲ့ စွမ်းဆောင်ရည်ထက် နူးကမ့်မှာ ဘာစီလိုနာကို ရင်ဆိုင်ရမှာက ပိုပြီးကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ်လို့ ပြောဆိုလိုက်ပြီး ဘာစီလိုနာနည်းပြ ဗယ်လ်ဗာဒီက အိုးထရက်ဖို့ဒ်မှာ နိုင်ပွဲရယူပြီးနောက် အသင်းဟာ ကောင်းကောင်း စွမ်းဆောင်နိုင်ခဲ့တယ်လို့ ပြောသွားပါတယ်။

မန်ယူအသင်းကို ဘာစီလိုနာအသင်း အနိုင်ရတဲ့ တစ်လုံးတည်းသော ဂိုးကတော့  ပွဲချိန် ၁၂ မိနစ်မှာ မက်ဆီရဲ့ ပေးပို့မှုကတစ်ဆင့် ဆွာရက်ဇ် ခေါင်းတိုက်သွင်းယူရာမှာ မန်ယူနောက်ခံလူ လုခ်ရှောနဲ့ထိပြီး ဝင်သွားတဲ့ ဂိုးဖြစ်ပါတယ်။

ဒီဂိုးကို ကွင်းလယ်ဒိုက လူကျွံဘောအဖြစ် သတ်မှတ်ခဲ့ပေမယ့် VAR ဒိုင်တွေက လူမကျွံဘူးလို့ ဆုံးဖြတ်ခဲ့တာကြောင့် ဘာစီလိုနာအသင်း ဂိုး ရရှိခဲ့တာလည်းဖြစ်ပါတယ်။

မန်ယူအသင်းအနေနဲ့ ဒီပွဲမှာ ဂိုးပေါက်တည့်တဲ့ ခြိမ်းခြောက်မှု တစ်ကြိမ်မှ ပြုလုပ်နိုင်ခြင်း မရှိခဲ့တာကြောင့် ၂၀၀၅ ခုနှစ်က အေစီမီလန်အသင်းကို ၀-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဂိုးပေါက်တည့်အခွင့်အရေးမရရှိတဲ့ပွဲဖြစ်ခဲ့ပါတယ်။

ယူနိုက်တက်တို့ဟာ ၁၆ သင်းအဆင့် ရှုံးထွက်တုန်းက အိမ်ကွင်းမှာ ပီအက်စ်ဂျီအသင်းကို ၂-၀ ဂိုး အရှုံးကနေ ပြန်လာနိုင်တဲ့ ချန်ပီယံလိဂ်အသင်းတွေထဲက အသင်းဖြစ်ခဲ့ပါတယ်။

ဆိုးလ်ရှားက “ဒါပေါ့ ပီအက်ဂျီနဲ့ အဝေးကွင်းအနိုင်ရလဒ်က ကျနော်တို့ကို မျှော်လင့်ချက်တွေ ပေးပါတယ်။ ကျနော်တို့က လုပ်နိုင်မယ်လို့ ယုံကြည်ထားပါတယ်။ ဒါပေမယ့် ကျနော် ကစားနေတဲ့ အသင်းက ပြိုင်ပွဲမှာ ရေပန်းစားတဲ့ အသင်းဖြစ်ပါတယ်။ ပြီးတော့ နူးကမ့်ကို သွားရောက်ကစားရမှာမို့ စိန်ခေါ်မှုတစ်ရပ်ဖြစ်လာမှာဖြစ်သလို ဒါဟာ ကြီးမားတဲ့ အောင်မြင်မှု တစ်ခုလည်းစြ်လာမှာပါ။ ဘာလို့လဲဆိုတော့ ကျနော်တို့ နူးကမ့်မှာ ပြန်လာဖူးတဲ့ သမိုင်းရှိခဲ့ပါတယ်။ ဘာစီလိုနာကလည်း သူတို့အိမ်ကွင်းမှာ အရှုံးတွေနဲ့ ယဉ်ပါးလေ့မရှိပါဘူး။”လို့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဘာစီလိုနာအသင်းဟာ ဒီပွဲမှာ သူတို့ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်တွေနဲ့ အဝေးမှာ ရှိပေမယ့်လည်း သက်တောင့်သက်သာနဲ့ ပွဲကို ကစားသွားခဲ့ပြီး ၄ နှစ်အတွင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်ဖို့ အခွင့်အရေးရှိလာပါတယ်။

ဘာစီလိုနာနည်းပြ ဗယ်လ်ဗာဒီကတော့ "ကျနော်တို့ တော်တော်လေး ကောင်းမွန်အောင် စွမ်းဆောင်ခဲ့တယ်လို့ ထင်ပါတယ်။ ကျနော်တို့ မျှော်လင့်ခဲ့သလိုပဲ အလွန်ခက်ခဲတဲ့ ပွဲစဉ်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကျနော်တို့ လိုချင်တဲ့ ပွဲအတိုင်းဖြစ်ခဲ့ပါတယ်။"လို့ ပြောသွားပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly