တားမြစ်ထားသည့် လင်းပိုင်များကို ဝယ်ယူရောင်းချနေသည့် ငါးအဝယ်ဒိုင် သတိပေးခံရ

တားမြစ်ထားသည့် လင်းပိုင်များကို ဝယ်ယူရောင်းချနေသည့် ငါးအဝယ်ဒိုင် သတိပေးခံရ
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

မြိတ်၊ ဧပြီ (၁၀) ။             ။  မြိတ်မြို့ရှိ လူနေရပ်ကွက် တစ်ခုတွင် တရားမဝင်လင်းပိုင်များကို တဆင့်ဝယ်ယူ ရောင်းချနေသော ငါးအဝယ် ဒိုင်ကို ဧပြီလ ၁၀ ရက်နေ့က ငါးလုပ်ငန်းဦးစီးဌာနနှင့် စည်ပင်သာယာရေးကော်မတီတို့မှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးပြီး ခေါ်ယူသတိပေးလိုက်ကြောင်း သိရသည်။

 အဆိုပါ ငါးအဝယ်ဒိုင်သည် လူနေရပ်ကွက်အတွင်း တည်ရှိနေပြီ၊ ငါးအပုတ်ရည်များကို စနစ်တကျစွန့်ပစ်ခြင်း မရှိဘဲ၊ လင်းပိုင်များကိုလည်း တဆင့် ဝယ်ယူရောင်းချနေခြင်း တို့ကြောင့် ရပ်ကွက်နေပြည်သူများက သက်ဆိုင် ရာသို့ တိုင်ကြားထားသလို လူမှုကွန်များမှတဆင့် ဖော်ပြရေးသားခဲ့သောကြောင့် သက်ဆိုင်ရာက သွားရောက် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ သတင်းတွေ တက်လာပြီးနောက် ချက်ချင်းပဲ သွားရောက် စစ်ဆေးခဲ့တာပါ။ စစ်ဆေးစဉ်မှာတော့ လင်းပိုင်တွေကို ဝယ်ယူခုတ်ထဒ်ရောင်းချနေတာတွေကိုတော့မတွေ့ခဲ့ပါဘူး။ ပိုင်ရှင်ကို မေးမြန် ကြည့်တော့ လွန်ခဲ့တဲ့တစ်လ နှစ်လလောက််ခန့်က တံငါသည်တွေဆီက ဝယ်ခဲ့တယ််လို့ ပြောပါတယ်။ ဘယ်တံငါသည် လည်းဆိုတာတော့ သူတို့လည်း မမှတ်မိမတော့ဘူးလို့ပြောတယ်” ဟု  မြိတ်မြို့နယ် ငါးလုပ််ငန်း ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

 အဆိုပါ ငါးအဝယ်ဒိုင်မှ နေ့စဉ် အနံ့ဆိုးများထွက်ရှိနေခြင်းတို့ကြောင့် ရပ်ကွက်နေ ပြည်သူများက သက် ဆိုင်ရာသို့ တိုင်ကြားထားပြီး၊ အနံ့ဆိုးများ မထွက််ရှိစေရန် သတိပေးထားသော်လည်း လိုက်နာခြင်းမရှိကြောင်း သိရသည်။

 ငါးလုပ်ငန်းဦးစီးဌာနမှ တားမြစ်ထားသည့် ရေနေသတ္တဝါများထဲမှ ပင်လယ်လိပ်၊ လင်းပိုင်၊ ငါးမန်း၊ ရေဝက်၊ ဝေလငါးနဲ့ သန္တာကျောက်ခက်တွေကို ချိုးယူ/ ဖမ်းဆီးခြင်း မပြုရန် ပတားမြစ်ထားပြီး၊ အဆိုပါ ရေနေ သတ္တဝါများကို ဖမ်းဆီးရောင်းချပါက ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံနိုင်ကြောင်း သိရသည်။

 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly