ပုလဲရင်ထိုးဝယ်ပေးမည်ဟုဆိုကာ အသက် (၁၁) နှစ် အရွယ် မိန်းခလေးကို အဓမ္မပြုကျင့်

ပုလဲရင်ထိုးဝယ်ပေးမည်ဟုဆိုကာ အသက် (၁၁) နှစ် အရွယ် မိန်းခလေးကို အဓမ္မပြုကျင့်

ကျွန်းစု၊ ဧပြီ (၉) ။     ။ မြိတ်ခရိုင် ကျွန်းစုမြို့နယ် ရေကန်တောင် ကျေးရွာတွင် ဧပြီလ ၇ ရက်နေ့က အသက် (၁၁) နှစ် အရွယ်ရှိ အမျိုးသမီးငယ် တစ်ဦးကို တရွာတည်းနေ အမျိုးသား တစ်ဦးက ပုလဲရင်ထိုးဝယ်ပေးမည်ဟုဆိုကာ အဓမ္မ ပြုကျင့်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရ သည်။

ကျွန်းစုမြို့နယ် ရေကန်တောင်ကျေးရွာတွင် နေထိုင်သော ဒေါ်----သည်၊ နေအိမ်၌ အိမ်နောက်ခန်းတွင် အသက် (၄) နှစ်အရွယ် ကလေးငယ်အား ထမင်းကျွေးနေစဉ် သမီးဖြစ်သူ မ---- (၁၁) နှစ်မှာ အိမ်ရှေ့တွင် သနပ််ခါးလိမ်းနေရာ တစ်ရွာတည်းနေ အောင်မျိုးဦးမှ အိမ်ပေါ်သို့ တက်ရောက်ပြီး၊ ရင်ထိုး ဝယ်ပေးမည်ဟု ဆိုကာ လိမ်လည်ပြီး ဥယျာဉ်ခြံထဲသို့ ခေါ်ဆောင်သွားကြောင်း သိရ သည်။

ဥယျာဉ်ခြံထဲသို့ ရောက်ရှိစဉ် ပေါင်ပေါ်တွင် ထိုင်ခိုင်းပြီး ဘောင်းဘီအား ဆွဲချွတ်၍ အဓမ္မပြုကျင့်ခဲ့ပြီး ပုလဲရင်ထိုးအားပေးကာ နောက်နေ့တွင် မုန့်ဖိုး (၅၀၀၀) ကျပ်ပေးမည်ဟုပြော၍ နေအိမ်သို့ ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း  အဓမ္မပြုကျင့်ခံရသည့် အမျိုးသမီးငယ်၏ ပြောပြချက်အရ သိရသည်။

ထို့ကြောင့် အဓမ္မပြုကျင့်သူ အောင်မျိုးဦးအား ကံမော်ရဲစခန်းမှ (ပ)၁၁/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ- ၃၇၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly