မြေစာရင်းပုံစံရေးကူးခြင်းတွင် မသမာမှုများ ကို ဥပဒေနှင့်အညီ အရေးယူမည်ဟုဆို

မြေစာရင်းပုံစံရေးကူးခြင်းတွင် မသမာမှုများ ကို ဥပဒေနှင့်အညီ အရေးယူမည်ဟုဆို

ပုသိမ်၊ ဧပြီ ၉ ။    ။ မြေစာရင်းပုံစံ(၁၀၅)(၁၀၆)ရေးကူးခြင်းလုပ်ငန်းအဆင့်ဆင့်တွင် မသမာမှုများ၊ အဂတိလိုက်စားမှုများ ပြုလုပ် ကြောင်း တိုင်ကြားလာပါက စစ်ဆေးပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွား မည်ဟု ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ႔ ဝင် စိုက်ပျိုးရေး၊မွေးမြူးရေး၊သယံဇာတနှင့် ပတ်ဝန်ကျင် ထိန်းသိမ်းရေး ဝန်ကြီးဦးတင်အောင်ဝင်းက ပြောသည်။

မြေစာရင်းပုံစံ(၁၀၅)(၁၀၆)ရေးကူးခြင်းလုပ်ငန်းအဆင့်ဆင့်တွင် လုပ်ငန်းကြန်႔ ကြာမှုများ မပေါ်ပေါက်စေရန်နှင့် အဂတိလိုက်စားမှုများမဖြစ်ပေါ်စေရန် မည်ကဲ့သို ့စီမံကြီးကြပ်သွားမည်ကို သိရှိလိုကြောင်း ဧပြီ ၉ရက်က ပြုလုပ် သော ဧရာဝတီတိုင်းဒေသ ကြီး လွှတ်တော်တွင် ငပုတောမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇော်ရွှေက မေးခွန်း မေးမြန်းခဲ့သည်။

 “ငပုတောမြို့နယ်တချို႔ နှင့် ကျေးရွာအုပ်စုများတွင် အပိုင်မြေတိုင်းစာရေးများ၏ မသမာမှုများပြုလုပ်နေသည် ကို ကြားသိရပါတယ်။အချို ့မြေတိုင်းစာရေးများသည် ပေးမှလုပ်ပုဒ်မလေးကို ယခုတိုင် ကျင့်သုံးနေတုန်း ဖြစ်ပါ သည်။ ပုံစံ ၁၀၅၊၁၀၆ရရှိဖို႔ သုံးလေးသိန်းအထိ ပေးရမှုများလည်း ရှိနေပါသည်။ ငွေကြေးတတ်နိုင်သူများ အတွက် မြေစာရင်းပုံစံ၁၀၅၊၁၀၆ရရှိရေး လွယ်ကူသော်လည်း ငွေကြေးမတတ်နိုင်သူများမှာ မြေစာရင်းပုံစံ၁၀၅ ရရှိရေးအတွက် နှောင့်နှေးကြန်႔ ကြာခြင်း၊ငွေကြေးတတ်နိုင်သူများ တစ်ရက်နှင့်ရရှိနေပါသည်” ဟု ဦးဖြိုးဇော်ရွှေ က လွှတ်တော်တွင်ထောက်ပြပြောဆိုခဲ့သည်။

ထို့အပြင် ပြည်သူများအနေဖြင့် မိမိတို့၏ လုပ်ငန်းလိုအပ်ချက်အရ မြေစာရင်းပုံစံ ၁၀၅၊ ၁၀၆ ရေးကူးခွင့်အား လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနသို့ လျှောက်ထားရာတွင်သတ်မှတ်ကာလအတွင်း အဆင်ပြေ ချောမွေ ့ စွာရရှိရန်လိုအပ်ကြောင်း  ဦးဖြိုးဇော်ရွှေက  ဆက်ပြောသည်။

“မသမာမှုများ အဂတိလိုက်စားမှုများပြုလုပ်ကြောင်း တိုင်ကြားလာတဲ့အတွက် စစ်ဆေးပေါ်ပေါက် လာရင် ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ ့ ဝင်၊ စိုက်ပျိုးရေး၊မွေးမြူးရေး၊ သယံဇာတနှင့် ပတ်ဝန်ကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးတင်အောင်ဝင်းက ပြန်လည် ဖြေဆိုခဲ့သည်။

ထို့အပြင် ပြည်သူများအနေဖြင့် မြေစာရင်းပုံစံ ၁၀၅၊ ၁၀၆ ရေးကူးခွင့်အတွက် အခက်အခဲများဖြစ်ပေါ်လာပါက မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံး ငပုတောမြို့တွင် လာရောက်တင်ပြနိုင်ကြောင်း အခက်အခဲများဖြစ်ပေါ်နေသည့် သက်ဆိုင်ရာကျေးရွာ အုပ်စုများနှင့် ဆက်စပ် ညှိနှိုင်း၍ လုပ်ငန်းကြန့်ကြာမှု မရှိစေရန် ဆောင်ရွက်ပေးနေကြောင်း မြေစာရင်းပုံစံ၁၀၅၊၁၀၆ရေးကူးခြင်းလုပ်ငန်းအဆင့်ဆင့်၌ လုပ်ငန်းကြန်႔ကြာမှုများ မပေါ်ပေါက်စေရေးနှင့် မသမာမှုများ အဂတိလိုက်စားမှုများ မဖြစ်ပေါ်စေရေးအတွက် ဌာနရှိဝန်ထမ်း များကို အသိပေးဆွေးနွေးရှင်းလင်းခြင်း ဥပဒေလုပ်ထုံးလုပ်နည်းညွန်ကြားချက်များအပေါ် ရှင်းလင်းစွာ လိုက်နာ ဆောင်ရွက်ရန်အတွက် လစဉ် လဝက်၊ လကုန်အစည်းအဝေးများ၌ ညွန်ကြားချက်တစ်ရပ်အနေဖြင့် ့ထည့်သွင်း ဆောင်ရွက်လျက်ကြောင်း ဝန်ကြီး ဦးတင်အောင်ဝင်းက လွှတ်တော် အစည်းအဝေးတွင် ဖြေကြားခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly