ယခုနှစ် မန္တလေးသင်္ကြန်တွင် မြို့မတေးဂီတအဖွဲ့မှ သင်္ကြန်သီချင်းအသစ်များဖြင့် ဖျော်ဖြေမည်

By အောင်ခိုင်မြဲ
09 April 2019
ယခုနှစ် မန္တလေးသင်္ကြန်တွင် မြို့မတေးဂီတအဖွဲ့မှ သင်္ကြန်သီချင်းအသစ်များဖြင့် ဖျော်ဖြေမည်
 (ဓာတ်ပုံ၊အောင်ခိုင်မြဲ၊မဇ္ဈိမ)

မန္တလေး၊ ဧပြီ ၉ ။    ။ ယခုနှစ်မန္တလေးသင်္ကြန်တွင် မြို့မ တေးဂီတ အသင်းအနေဖြင့် သင်္ကြန်သီချင်းအသစ် ၁၆ ပုဒ်ဖြင့် လှည့်လည် ဖျော်ဖြေသွားမည်ဟု မြို့မအသင်းမှ ရုံးအဖွဲ့မှူး ဦးစိန်ဝင်းက မဇ္ဈိမကိုပြောသည်။

သင်္ကြန်သီးချင်းသစ်အားလုံးကို မြို့မသင်းသား ပညာရှင်များဖြစ်သည့် မြို့မ ကိုပေါ၊ ဦးခင်မောင်သန်း၊ ကိုသန်း မောင်ဝင်း၊ ကိုမောင်မောင်စိန်၊ကိုအောင်ကျော်မိုး စသည့်သူများကရေးသား ထားကြသည်ဟု ဦးစိန်ဝင်းက ဆိုသည်။

"ဒီနှစ်မှာ အသင်းသားတွေကိုယ်တိုင် သီချင်းအသစ်တွေရေးတာ ၁၆ ပုဒ်ရှိတယ်။အားလုံးနီးပါး တိုက်ပြီး သလောက် ရှိပါပြီ။သီချင်းအသစ်တွေကိုပဲဖျော်ဖြေသွားမှာပါ။တောင်းဆိုတဲ့သူမရှိရင်တော့ အဟောင်းဆိုပါ မယ်။"ဟုဦးစိန်ဝင်းကပြောသည်။

မြို့မအဖွဲ့အနေဖြင့် သင်္ကြန်အကြိုနေ့မှစတင်ကာ သင်္ကြန်နောက်ဆုံးရက်အထိ မြို့တွင်း၌ လှည့်လှည် ဖျော်ဖြေ သွားမည်ဖြစ်ပြီး ဖိတ်ကြားထားသည့် နေရာများကိုလည်း သွားရောက်ဖျော်ဖြေ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly