သင်္ကြန်ကာလအတွင်း ခရီးသည်အဝင်များသောကြောင့် မြိတ်ကျွန်းစု ခရီးစဉ် ၂ ခုကို စျေးနှုန်း တိုးမြှင့်မည်

သင်္ကြန်ကာလအတွင်း ခရီးသည်အဝင်များသောကြောင့် မြိတ်ကျွန်းစု ခရီးစဉ် ၂ ခုကို စျေးနှုန်း တိုးမြှင့်မည်
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

 မြိတ်၊ ဧပြီ (၉) ။          ။ အစိုးရရုံးပိတ်ရက်နှင့် သင်္ကြန်ကာလအတွင်း မြိတ်ကျွန်းစု ခရီးစဉ်များကို လာရောက်အပန်းဖြေသူများ များပြား နေသောကြောင့် ယခုနှစ်တွင် ကျွန်းခရီးစဉ် ၂ ခုကို စျေးနှုန်း ၂ သောင်းခန့် တိုးမြှင့် ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

 မြိတ်ကျွန်းစုခရီးစဉ်များတွင် ခရီးသည်များ သွားရောက်အပန်းဖြေမှု အများဆုံးမှာ စမတ်ကျွန်းနှင့် လေးကျွန်း ကမ်းခြေတို့ဖြစ်ပြီး အဆိုပါ ကမ်းခြေနှစ်ခု၏ ခရီးစဉ်ကို စျေးနှုန်းတိုးမြှင့်ရန် စီစဉ်ထားခြင်း ဖြစ်သည်။

  “ဒါကတော့ သင်္ကြန်ကာလမှာ ခရီးသည်တွေ အလာများတော့ စပိဘုတ် အခက်အခဲတွေကြောင့် စျေးနှုန်း မြင့်တက်သွားတာ ဖြစ်ပါတယ်။ ပုံမှန် ရာသီမှာတော့ စျေးနှုန်းက အပြောင်းအလဲမရှိပါဘူး။ စျေးနှုန်း နည်းနည်း မြင့်တက်သွားပေမယ့် ဝန်ဆောင်မှုအပိုင်းကိုတော့ အများကြီး ကောင််းမွန်အောင် လုပ်ပေးထားတယ်”ဟု မြိတ်အခြေစိုက် Mergui Dolphin Travel & Tours ကုမ္ပဏီမှ မန်နေဂျာ ဦးမြင့်သန်းက ပြောကြားသည်။

 ယခုနှစ် သင်္ကြန်ကာလအတွင်း ကျွန်းခရီးစဉ်များအနက် စမတ်ကျွန်းနှင့် လေးကျွန်း ခရီးစဉ် ၂ ခုတည်းသာ နေ့စဉ် ပြေးဆွဲသွားမည် ဖြစ်ကြောင်း မြိတ်ခရိုင် ခရီးသွား လုပ််ငန်းရှင်များ အသင်းထံမှ သိရ သည်။

 အဆိုပါ ခရီးစဉ် ၂ ခုမှာ ပုံမှန် စျေးနှုန်းများမှာ စမတ်ကျွန်းအတွက် ၈ သောင်းကျပ်နှင့် လေးကျွန်းအတွက် ၇ သောင်းကျပ်သတ်မှတ်ထားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly