သွားပိုးစားခြင်းနဲ့ ပက်သက်တဲ့ မှားယွင်းတဲ့ အယူအဆများ

သွားပိုးစားခြင်းနဲ့ ပက်သက်တဲ့ မှားယွင်းတဲ့ အယူအဆများ

ရေးသားသူ Dr. Thin Yadanar @ Frances

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

    

ငယ်ငယ်တုန်းက သွားပိုးစားပြီး သွားကိုက်တဲ့ ဝေဒနာတွေ ခံစားဖူးကြမှာပါ။ ဒါတွေက ကလေးတိုင်းနီးပါးလောက်ကြုံတွေ့တတ်ကြတဲ့ ကိစ္စတစ်ခုပါ။ ဒီလိုအချိန်မျိုးမှာဆို မိဘတွေဘက်က သွားပိုုးစားတာနဲ့ ပက်သက်ပြီး ကလေးတွေကို ဆိုဆုံးမလေ့ရှိပါတယ်။ ဒါဆို ငယ်ငယ်တည်းက သင်ကြားဖူးတဲ့ သွားပိုးစားတာနဲ့ ပက်သက်တဲ့ ဆိုရိုးစကားတွေက အမှန်ပဲလား ။  ။
သွားမှန်မှန်တိုက်ရင် သွားပိုးမစားတော့ဘူး ။ ။

သွားတိုက်ရုံတစ်ခုတည်းက သင့်ကို သွားပိုးစားစေတဲ့ ဘက်တီးရီးယားတွေရဲ့ရန်ကနေ ကာကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး။ သွားပိုးစားတယ်ဆိုတဲ့ ဖြစ်စဉ်က အရမ်းကို ရှုပ်ထွေးတဲ့ ဖြစ်စဉ်တွေထဲက တစ်ခုပါ။ သွားပိုးစားခြင်းကို ဖြစ်စေတဲ့ ဘက်တီးရီးယားတွေက အက်ဆစ်တစ်မျိုးထုတ်ပြီး သွားရဲ့ ကြွေလွှာတွေကို ဖျက်ဆီးပစ်တာကြောင့် သွားပိုးစားရတာဖြစ်ပါတယ်။ သွားတိုက်တာ တစ်မျိုးတည်းနဲ့ကတော့ ဘက်တီးရီးယားပိုးတစ်ချို့ကိုသာဖယ်ရှားပေးနိုင်ပြီး အက်ဆစ်ထုတ်နှုန်းကိုတော့ လျှော့ချပေးနိုင်မှာ မဟုတ်ပါဘူး။
အချိုစားများရင် သွားပိုးစားတယ် ။  ။

အချိုစားများတာနဲ့ သွားပိုးစားတာက တိုက်ရိုက်ကြီးဆက်စပ်နေတာတော့ မဟုတ်ပါဘူး။ သွားထဲမှာရှိတဲ့ သွားပိုးလို့ခေါ်တဲ့ ဘက်တီးရီးယားတွေက စားလိုက်တဲ့ အစားအသောက်တွေထဲက ကာဘိုဟိုက်ဒရိတ် အနည်းငယ်လောက်ကို စားသုံးပြီး အညစ်အကြေး အဖြစ် သွားပိုးစားတာကိုဖြစ်စေတဲ့ အက်ဆစ်တွေကို ပြန်စွန့်ထုတ်ပါတယ်။ သကြားပါတဲ့ အချိုမုန့်တွေဟာ ကာဘိုဟိုက်ဒရိတ်ဖြစ်ပေမယ့် သူ့ကြောင့် တိုက်ရိုက်ကြီးတော့ သွားပိုးစားတာမျိုးကို မဖြစ်စေပါဘူး။
သွားပိုးစားတာက ကူးစက်တတ်တဲ့ ရောဂါ မဟုတ်ဘူး ။ ။

သွားပိုးစားတာက ကူးစက်တတ်တဲ့ ရောဂါတစ်ခုဆိုတာကို မသိတဲ့သူတွေ အများကြီးပါ။ သွားပိုးစားတာကို ဖြစ်စေတဲ့ ဘက်တီးရီးယားတွေဟာ သွားထဲမှာ  အခြေကုပ်ပြီး နေရာယူထားတတ်ကြတဲ့အတွက်တစ်ဇွန်းထဲ ထမင်းတူတူစားမိရင်ဖြစ်ဖြစ် မိဘတွေကနေ ကလေးကို ထမင်း ဝါးကျွေးရင်ပဲ ဖြစ်ဖြစ် သွားပိုးစားစေတဲ့ ဘက်တီးရီးယားတွေဟာ တစ်ယောက်ဆီကနေ နောက်တစ်ယောက်ဆီကို ကူးစက်သွားတတ်ပါတယ်။
သွားပိုးစားတာက အမြစ်ပြတ်ကုသလို့ ရတဲ့ ရောဂါတစ်မျိုးဖြစ်တယ် ။

စိတ်မကောင်းစရာတစ်ခုက တစ်ခါ သွားပိုးစားဖူးလို့ရှိရင် အဲဒီ ဘက်တီးရီးယားတွေက သင့်ဆီမှာ တစ်သက်လုံးရှိနေတတ်ပါတယ်။ ဒါကြောင့် ငယ်ငယ်လေးထဲက သွားပိုးမစားခဲ့အောင် ခံတွင်းကျန်းမာရေးကို သေချာ ဂရုစိုက်ဖို့လိုအပ်ပါတယ်။
ဖလိုရိုက်ပါဝင်တဲ့ သွားတိုက်ဆေးတွေကသာ သွားပိုးစားခြင်းကို အထိရောက်ဆုံး ကာကွယ်ကုသနိုင်တဲ့ အဖြေပါ ။ ။

ဖလိုရိုက်ပါဝင်တဲ့ သွားတိုက်ဆေးတွေက သင့်ပိုးစားနေတဲ့ သွားတွေကိုသက်သာစေတာမှန်စေပေမယ့် သွားပိုးစားတာကို တိုက်ထုတ်ဖို့အတွက်ကတော့ သူတစ်ခုတည်းကသာ အဖြေမဟုတ်ပါဘူး။
သွားရဲ့ ကြွေလွှာတွေ အားနည်းတာကြောင့် သွားပိုးစားရတာဖြစ်တယ် ။ ။

သွားပိုးစားတာကိုဖြစ်စေတဲ့ ဘက်တီးရီးယားကနေ ထုတ်လိုက်တဲ့  အက်ဆစ်တွေကြောင့် သွားရဲ့ ကြွေလွှာတွေပျက်စီးပြီး သွားပိုးစားရတာ ဖြစ်ပါတယ်။ သင့်သွားရဲ့ ကြွေလွှာအားနည်းတာကြောင့် သွားပိုးစားရတယ်ဆိုတာ မမှန်ပါဘူး။ သွားပိုးစားဖို့အတွက် ဘက်တီးရီးယားရဲ့ အက်ဆစ်တွေထွက်နေဖို့ လိုပါတယ်။
သွားပိုးစားတဲ့နေရာကို ဖာလိုက်ရင် သွားပိုးစားတာကို ကာကွယ်ပြီးသား ဖြစ်သွားမယ် ။ ။

သွားပိုးစားတာကို တိုက်ထုတ်ဖို့အတွက်က ဆေးပိုင်းဆိုင်ရာ အကူအညီတွေလိုပါတယ်။ သွားပိုးစားတာကြောင့် ဖြစ်နေတဲ့ အပေါက်ကို ဖာတာဟာ တစ်ခုတည်းနဲ့တော့ သွားပိုးစားတာကို ကုသလို့ မပျောက်ပါဘူး။ သွားပိုးစားတဲ့အပေါက်ကို ဖာရမယ့် အပြင် သွားကို အစွပ်စွပ်ပေးဖို့လည်းလိုပါသေးတယ် ။  ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly