ဆီးရီးယား၊ ရုရှ၊ အီရန်နှင့် အီရတ် ညွန့်ပေါင်းက ဒေသတစ်ခုလုံး မှုန့်ချေနိုင်ဟု အာဆတ်ပြော

ဆီးရီးယား၊ ရုရှ၊ အီရန်နှင့် အီရတ် ညွန့်ပေါင်းက ဒေသတစ်ခုလုံး မှုန့်ချေနိုင်ဟု အာဆတ်ပြော

ဆီးရီးယားသမ္မတ ဘာရှာအာဆတ်က ဆီးရီးယား၊ ရုရှ၊ အီရန်နှင့် အီရတ်ကြား ညွန့်ပေါင်းအဖွဲ့က အောင်မြင်ရမည်ဖြစ်ပြီး ဒေသတစ်ခုလုံးကို မှုန့်မှုန့်ကြေဖျက်စီးပစ်နိုင်ကြောင်း ပြောလိုက်သည်။

ဆီးရီးယားနှင့် အီရတ်တွင် အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့နှင့် ၎င်းတို့၏ လေကြောင်းတိုက်ခိုက်မှုများကိုလည်း အာဆတ်က ထိပ်တိုက်တွေ့မှုများကို ဖြစ်ပွားစေသည်ဟု ဝေဖန်အပြစ်ပြော လိုက်သည်။

ယင်းနှင့်အပြိုင် တစ်ချိန်တည်းတွင် အိုင်အက်စ်စစ်သွေးကြွများကို ပစ်မှတ်ထားတိုက်ခိုက်သည်ဟု ကြွေးကြော်ကာ ရုရှက ဆီးရီးယားတွင် လေကြောင်းထိုးစစ်များ ဆင်နွှဲလာခဲ့သည်။

သို့သော် ရုရှထိုးစစ်များက အခြားသောသူပုန်အုပ်စုများကိုသာ ပစ်မှတ်ထားတိုက်ခိုက်နေဟန်ရှိကြောင်း ဆီးရီးယားတက်ကြွလှုပ်ရှားသူများက ပြောသည်။

ဆီးရီးယား၊ ရုရှ၊ အီရန်နှင့် အီရတ်တို့က အကြမ်းဖက်သမားများကို ချေမှုန်းရာတွင် စုစည်းဆင်နွဲကာ အမေရိကန်ဦးဆောင်သည့် ညွန့်ပေါင်းကဲ့သို့မဟုတ်ဘဲ လက်တွေ့ရလဒ်ကောင်းများကို ဆောင်ကြဉ်းနိုင် မည်ဖြစ်သည်ဟု အီရန်နိုင်ငံပိုင် ရုပ်သံနှင့် အင်တာဗျူးတွင် အာဆတ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly