အာရှဘောလုံးအဖွဲ့ချုပ် (AFC) ဒုတိယဥက္ကဋ္ဌအဖြစ် MFF ဥက္ကဋ္ဌ ဦးဇော်ဇော် ရွေးချယ်ခံရ

အာရှဘောလုံးအဖွဲ့ချုပ် (AFC) ဒုတိယဥက္ကဋ္ဌအဖြစ် MFF ဥက္ကဋ္ဌ ဦးဇော်ဇော် ရွေးချယ်ခံရ
Photo: MFF

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌဖြစ်သူ ဦးဇော်ဇော်ဟာ အာရှဘောလုံးအဖွဲ့ချုပ် (AFC) ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ဒါဟာ မြန်မာ့ဘောလုံးသမိုင်းတလျောက် ပထမဦးဆုံး အာရှအဆင့်မြင့် ရာထူးတစ်ခုကို မြန်မာနိုင်ငံမှ ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

၂၉ ကြိမ်မြောက် အာရှဘောလုံးအဖွဲ့ချုပ် ကွန်ဂရက်စ်နဲ့ ရွေးကောက်ပွဲ အခမ်းအနားကို ယနေ့၊ ဧပြီ ၆ ရက်နေ့က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ ရှန်ဂရီလာဟိုတယ်မှာ ကျင်းပနေတာဖြစ်ပါတယ်။

အာရှဘောလုံးအဖွဲ့ချုပ် အဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံဘောလုံးအဖွဲ့ချုပ် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဦးဇော်ဇော်ကို ထောက်ခံအားပေးခဲ့ကြပြီး AFC ဒုတိယ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ကြောင်း ဒီကနေ့ ကွန်ဂရက်စ်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly