သြစတြီးယားတွင် ဒရုန်းတက္ကစီအငှားယာဉ်အား စမ်းသပ်မောင်းနှင်

သြစတြီးယားတွင် ဒရုန်းတက္ကစီအငှားယာဉ်အား စမ်းသပ်မောင်းနှင်

ဧပြီ ၅ ။    ။ ယမန်နေ့က သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့မှာ EHang တရုတ်ကုမ္ပဏီက ၎င်းရဲ့ ဒရုန်းတက္ကစီအငှားယာဉ်နဲ့ စပ်လျဉ်းပြီး သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ပါတယ်။

အဆိုပါသတင်းစာရှင်းလင်းပွဲမှာ ဒရုန်းတက္ကစီအငှားယာဉ်ကို အစမ်းပျံသန်းမောင်းနှင်ခဲ့ပါတယ်။

“A ကနေ B ကိုသွားမယ်ဆိုရင် ၁၀ မိနစ်ပဲကြာမယ်။ နာရီဝက်ကြာရင်လည်းကြာမယ်။ တစ်နာရီကြာရင်ကြာမယ်။ ကိုယ်သွားမယ့်ခရီးက ဘယ်လောက်ကြာမလဲဆိုတာသိနိုင်မယ်။”လို့ EHang တရုတ်ကုမ္ပဏီရဲ့ လုပ်ဖော်ကိုင်ဘက်ဖြစ်တဲ့ FACC သြစတြီးယားလေကြောင်းကုမ္ပဏီကို စီမံအုပ်ချုပ်နေတဲ့ ရောဘတ် မက်ရှ်တင်ဂျာက ပြောပါတယ်။

 လာမယ့် ၁၈လအတွင်းမှာ ဒရုန်းတက္ကစီအငှားယာဉ် ၃၀၀ စီးတည်ဆောက်ပြီး အများပြည်သူ အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ၎င်းက ဆက်ပြောပါတယ်။

ဒရုန်းတက္ကစီအငှားယာဉ်ကို ကားမမောင်းတတ်သူ၊ ကားမောင်းလိုင်စင်မရှိသူများပါ စီးနိုင်ပြီး လုံခြုံစိတ်ချရကြောင်း EHang ကုမ္ပဏီရဲ့ အကြီးအကဲဖြစ်သူ ဒဲရစ်ခ်ရှောင်က ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly