‘မက်ဆီဟာ ကြီးကျယ်တဲ့ ကစားသမားပါ။ ဒါပေမယ့် သူဟာ ဘုရားသခင်တော့ မဟုတ်ပါဘူး’ - ပုပ်ဖရန်စစ်

‘မက်ဆီဟာ ကြီးကျယ်တဲ့ ကစားသမားပါ။ ဒါပေမယ့် သူဟာ ဘုရားသခင်တော့ မဟုတ်ပါဘူး’ - ပုပ်ဖရန်စစ်

ပုပ်ရဟန်းမင်းကြီးက ဘာစီလိုနာနဲ့ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီဟာ သူ့ပရိသတ်ကြီးရဲ့ အမြင်မှာ ဘုရားသခင်တစ်ပါးလို မြင်နိုင်ပေမယ့် မက်ဆီကို ဘုရားသခင်နဲ့ တန်းတူနှိုင်းယှဉ်တံဆိပ်ကပ်တာကိုတော့ သတိပေးပြောကြားလိုက်ပါတယ်။

စပိန်အခြေစိုက် ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ La Sexta နဲ့ အင်တာဗျူးတစ်ခုမှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က သီအိုရီသဘောတရားအရဆိုရင် ဒါဟာ ဘာသာရေးကို မလေးမစားလုပ်တာဖြစ်ပြီး သခင်ဘုရားရဲ့ နာမကို သုံးစွဲခြင်းဟာ တတိယ ပညတ်တော်ကို ချိုးဖောက်တာဖြစ်တယ်လို့ ပြောပါတယ်။

ပုပ်ရဟန်းမင်းကြီးက "သီအိုရီသဘောတရားအရဆိုရင် ဒါဟာ ဘာသာရေးကို မလေးမစားလုပ်တာပါပဲ။ ခင်ဗျား ဒီလိုတော့ မပြောသင့်ပါဘူး။ ကျနော်ကတော့ ဒီလိုမျိုး မယုံကြည်ထားပါဘူး။"လို့ ပြောကြားခဲ့သလို အစီအစဉ်တင်ဆက်သူ ဂျော်ဒီအီဗော်လ်က သူ့အနေနဲ့ မက်ဆီကို ဘုရားသခင်လို့ ယုံကြည်းထားကြောင်း ပြန်ပြောခဲ့ပါတယ်။

ပုပ်ဖရန်စစ်က "ကျူပ်အတွက်တော့ မဟုတ်ပါဘူး။"လို့ ခပ်ဟဟ ရယ်မောရင်း ပြန်ပြောခဲ့ပါတယ်။

"လူတွေက သူ့ကို ဘုရားသခင်လို့ ခေါ်ကြတာဟာ ချစ်မြတ်နိုးစိတ်နဲ့ ပြောကြတာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဘုရားသခင်တစ်ပါးတည်းကသာ ကိုးကွယ်ရာပါ။

"'ဒါတွေက လူတွေဆီကလာတဲ့ ခံစားမှုတွေပါ။ 'သူက ကွင်းထဲမှာတော့ ဘောလုံးနဲ့အတူ ဘုရားသခင်တစ်ပါးလိုပါပဲ။ ဒါဟာ သူတို့ကိုယ်သူတို့ ဖော်ပြဖို့ တစ်စုံတစ်ယောက်အတွက် နာမည်ကြီးအောင် ပြုလုပ်တဲ့နည်းတစ်ခုပါ။'

"ဟုတ်ပါတယ် ... သူက အလွန်တော်ပါတယ်။ ဒါပေမယ့် သူဟာ ဘုရားသခင် မဟုတ်ပါဘူး။"

မက်ဆီရဲ့ ပရိသတ်တွေကတော့ ကွင်းတွင်းမှာတော့ သူ့ကို ကိုးကွယ်ကြပြီး သူဟာ သမိုင်းတစ်လျှောက်မှာ အကြီးကျယ်ဆုံး ဘောလုံးကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ထားပါတယ်။

ပရိသတ်တွေက သူ့ကို ကပ္ပတိန် D10S လို့ မကြာခဏ ခေါ်ဆိုကြပြီး D10S ဆိုတာ စပိန်စကားလုံး "dios" ဘုရားသခင်ဆိုတဲ့ စကားလုံးနဲ့ သူ့ရဲ့ ကျောနံပါတ် 10 ကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီးနဲ့ မက်ဆီတို့ဟာ လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်က အာဂျင်တီးနားအသင်းနဲ့ အီတလီအသင်းခြေစမ်းပွဲမကစားမီ ဗာတီကန်မှာ တွေ့ဆုံခဲ့ဖူးတယ်လို့ သိရပါတယ်။

Ref; itv

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly