မက္ကဆီကိုနယ်စပ် ပိတ်ဖို့ ၁၀၀ ရာခိုင်နှုန်း အဆင်သင့်ဖြစ်နေပြီဟု ဒေါ်နယ်ထရမ့် ပြောဆို

မက္ကဆီကိုနယ်စပ် ပိတ်ဖို့ ၁၀၀ ရာခိုင်နှုန်း အဆင်သင့်ဖြစ်နေပြီဟု ဒေါ်နယ်ထရမ့် ပြောဆို

ဧပြီ ၃ ။    ။ အမေရိကန်-မက္ကဆီကို နယ်စပ်ကို ပိတ်ဖို့အတွက် ၁၀၀ ရာခိုင်နှုန်းပြည့် ပြင်ဆင်ထားပြီးပြီ ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဧပြီ ၂ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ယင်းပြောဆိုမှုနဲ့အတူ ထရမ့်အနေနဲ့ကတော့ ၎င်းရဲ့ နိုင်ငံထဲ ရွှေ့ပြောင်းအခြေချသူတွေ စီးဝင်နေမှုအပေါ် တားဆီးပိတ်ဆို့ဖို့ ဆက်လုပ်သွားမယ့်အကြောင်း ကွန်ဂရက်ကိုရော၊ ဗဟိုအမေရိကအစိုးရတွေကိုပါ သတိပေးလိုက်တာဖြစ်ပါတယ်။

နိုင်ငံထဲကို တရားမဝင်  ရွှေ့ပြောင်းဝင်ရောက်လာသူတွေအပေါ် တင်းကျပ်တဲ့ ဥပဒေတွေ ပြဌာန်းဖို့ ကွန်ဂရက်ထဲက ဒီမိုကရက်တစ်အမတ်တွေကို ထရမ့်ဘက်က ဆက်တိုက်ဖိအားပေးနေလျက် ရှိချိန် အဓိက နယ်စပ်ဖြတ်ကျော်ဂိတ်အများစုမှာတော့ နှောင့်နှေးကြန့်ကြာမှုတွေ တိုးဖြစ်ပေါ်နေလျက် ရှိပါတယ်။

“ ဒါက နယ်စပ်နဲ့ပတ်သက်လို့ နိုင်ငံတော် အရေးပေါ်အခြေအနေတစ်ခု ဖြစ်နေပါတယ်” လို့ ထရမ့်က ပြောပါတယ်။

“ အကယ်၍များ မက္ကဆီကိုအစိုးရအနေနဲ့ သူ့နိုင်ငံနယ်နမိတ်ထဲမှာ ဖြတ်ကျော်သွားလာနေတဲ့ ရွှေ့ပြောင်းတွေကို မတားဆီးနိုင်ဘူးဆိုရင်၊ ကွန်ဂရက်ကလည်း အရေးယူမှုတွေ မလုပ်ပေးနိုင်ဘူးဆိုရင်တော့ ဒီနယ်စပ်ကို ပိတ်သွားရပါလိမ့်မယ်၊  ရာနှုန်းပြည့်ပါပဲ” လို့ ဒေါ်နယ်ထရမ့်က ပြောသွားခဲ့ပါတယ်။

“ ဒီလိုဆိုရင် သေချာတာတစ်ခုက နိုင်ငံစီးပွားရေးအပေါ်မှာတော့ ထိခိုက်မှုတွေ ရှိလာမှာပါ၊ ဘာပဲဖြစ်ဖြစ် ကျွန်တော့်အတွက်ကတော့ လုံခြုံရေးက ကုန်သွယ်ရေးထက် ပိုအရေးကြီးပါတယ်” လို့ ထရမ့်က ပြောသွားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly