မြေယာပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး အစိုးရအနေဖြင့် အလေးထားဖြေရှင်းပေးနေ

မြေယာပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး အစိုးရအနေဖြင့် အလေးထားဖြေရှင်းပေးနေ

ဧပြီ ၂ ၊ ရန်ကုန် ။          ။ ပုသိမ်မြို့ဒေသခံများ၏ တင်ပြတောင်းဆိုချက်များအနက် မြေယာပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး အစိုးရအနေဖြင့် အလေးထားဖြေရှင်းပေးနေကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ထည့်သွင်းပြောကြားခဲ့သည်။

တင်ပြချက် ၁၁ ချက်တွင် ကိစ္စ ၅ ရပ်ရှိပြီး သောက်သုံးရေ ရရှိရေး၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေး၊ လျှပ်စစ်မီးရရှိရေး၊ ပညာရေးနှင့် ကျန်းမာရေးနှင့် မြေယာပိုင်ဆိုင်မှု တို့ဖြစ်ပြီး မြေယာကိစ္စအရေးကြီးသည်ကို သဘောပေါက်ပြီး မှန်မှန်ကန်ကန် လုပ်ဆောင်ရန်လည်း အလေးထားကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ပြန်လည်ရလိုသည့် ပြည်သူများ၏ အခက်အခဲများကို အားလုံးကို ဖြေရှင်းပေးရန် လိုအပ်သည်ကို သဘော ပေါက်သည့်အတွက် စတင်၍ အစီအစဉ်များ လုပ်ဆောင်နေသည်ဟု ပြောဆိုခဲ့ပြီး မြန်မြန်ဆန်ဆန် စစ်ဆေးနိုင်စေရန် လိုအပ်သည့်ဌာနများတွင် ဝန်ထမ်းများဖြည့်ဆည်းရန်မှစ၍ လုပ်ဆောင်နေကြောင်း၊ မိမိတို့အစိုးရအနေဖြင့် နောက်ပိုင်းတွင် ပို၍ အလေးထား ဖြေရှင်းပေးရပြီး ပြည်သူများရင်ဆိုင်နေရသည့် ပြဿနာဆိုသည်ကိုသဘောပေါက်ပါကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ထည့်သွင်းပြောကြားသည်။

ဧပြီ ၁ ရက်က မြောင်းမြတံတားဖွင့်ပွဲ အခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လာပြီးနောက် ကျောင်းကုန်းမြို့နှင့် ပုသိမ်မြို့များရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံစဉ် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပုသိမ်မြို့ဒေသခံပြည်သူများ၏ တင်ပြတောင်းဆိုသည့် ၁၁ ချက်ရှိပြီး တိုင်ကြားစာနှင့်ပတ်သက်၍ မမှန်မကန် တိုင်ကြားပါက ဥပဒေအရထိရောက်စွာအရေးယူပေးနိုင်ရေး၊ စပါးစျေးကျဆင်းမှုကို ဆောင်ရွက်ပေးနိုင်ရေးနှင့် နှစ်တိုနှစ်ရှည်ချေးငွေ ထုတ်ချေးနိုင်ရေး၊ သိမ်းဆည်းခံမြေဧက ၁၈ဝ ကို ဒေသခံပြည်သူများအား ပြန်လည်ပေး အပ်နိုင်ရန်အစီအစဉ်ရှိ/မရှိ၊ ဥယျာဉ်ခြံမြေ ပုံစံ - ၇ ၊ ပုံစံ - ၁ဝ၅ ထုတ်ပေးနိုင်ခြင်းရှိ/မရှိ၊ အမည်ပေါက် ပြောင်းလဲ၍ ရ/မရ၊ ရိုးချောင်းနှင့် စားကျက်တွင် စိုက်ပျိုးလုပ်ကိုင်နိုင်ခြင်း ရှိ/ မရှိ ၊ ငါးလုပ်ငန်းဦးစီးဌာနမှ သိမ်းဆည်းထားသည့် ရေငန်ပုစွန်သားဖောက်စခန်း မြေနေရာကို မူလပိုင်ရှင်ထံ ပြန်လည်ပေးအပ်နိုင်ရေး၊ ဇင်ပြွန်းကုန်း ကျေးရွာ ချင်းဆက်လမ်း အဆင့်မြှင့်တင်ရေး၊ သလပ်ခွာကျေးရွာ လျှပ်စစ်မီးလင်းရေး၊ ပုသိမ် မြို့ ၉ ထပ်ဆေးရုံ အမြန်တည် ဆောက်ပြီးစီးရေး၊ ရေနုတ်မြောင်းများအတွင်း အမည်မသိတိုင်များ စိုက်ထူထားခြင်း ကိစ္စ၊ ၂ဝ၁၇-၂ဝ၁၈ ပညာရေးရန်ပုံငြွေုဖင့် အလက ခွဲ ရွာဟောင်းကြီး ကို ပြီးစီးအောင်ဆောင်ရွက်ရေးနှင့် ပုသိမ်ဆေးရုံကြီးတွင် ပစ္စည်းကိရိယာမလုံလောက်မှု အပါအဝင် လူနာနေရာထိုင်ခင်းကိစ္စတို့ ပါဝင်နေသည်။

ခန်းမအပြင်ဘက် မှ ဒေသခံပြည်သူ (၇)ဦး၏ ကညင်ကောက်ကျေးရွာဆေးခန်းကို တရားဝင်ဆေးခန်းဖြစ်ရေး၊ ရွှေသောင်ယံချောင်းသာ ဟိုတယ်လုပ်ငန်းဆောင်ရွက်ရာတွင် မမှန်မကန်လိမ်လည်မှု၊ နနွင်း ကန်ကျေးရွာ သိမ်းဆည်မြေကိစ္စ၊ ကျုံကူးကျေးရွာနှင့်ပတ်ဝန်ကျင်ကျေးရွာများ ငွေကြေး လိမ်လည်ခံရမှုများ၊ ချောင်းသာ ရွှေသောင်ယံ ရွာချင်းဆက်လမ်းဖြစ်သည့် လမ်းဟောင်း ကမ်းခြေပတ်လမ်းကို မူလအတိုင်း ပြန်လည် အသုံးပြုနိုင်ရေး၊ အုတ်ဖိုကျေးရွာသိမ်းဆည်းခံ မြေယာကိစ္စရပ်နှင့် ချောင်းသာမြို့ဖွဲ့စည်းပုံရရှိရေး၊ ချောင်းသာကမ်းခြေသာ ယာလှပ ရေးနှင့် ရေရှည်တည်တ့ံခိုင်မြဲရေးအပါအဝင် ကမ်းခြေနှင့်သက်ဆိုင်သည့် ဥပဒေ တစ်ခု ဖြစ်ပေါ်ရေးတို့ တင်ပြခဲ့ကြသည်။

ခန်းမအတွင်းရှိ ဒေသခံပြည်သူ ၃ ဦးတင်ပြသည့် ဧရာဝတီတိုင်းဒေသကြီးအတွင်း စက်မှုဇုန်တစ်ခု တည်ဆောက်နိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုများဝင်ရောက်လာရေး၊ ငွေဆောင်မြို့မီးသတ်ရေကန် တည်ဆောက်ပေး နိုင်ရေးနှင့် သိမ်းဆည်းမြေများမူလပိုင်ရှင်များထံပြန်လည်ပေးအပ်နိုင်ရေး၊ တပ်မတော် သိမ်းဆည်း မြေ ၃၇ ဒဿမ ၄၄ ဧက တို့နှင့် စပ်လျဉ်း၍လည်းကောင်း တင်ပြဆွေးနွေးခဲ့ကြသည်။

ဧပြီ ၂ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့သေးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly