ပြည်သူကို ပေးခဲ့သည့်ကတိအတိုင်း မြောင်းမြတံတား ဖွင့်လှစ်နိုင်ခဲ့ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ပြည်သူကို ပေးခဲ့သည့်ကတိအတိုင်း မြောင်းမြတံတား ဖွင့်လှစ်နိုင်ခဲ့ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ဧပြီ ၁ ၊ မြောင်းမြ။     ။  ပြည်သူကို ပေးခဲ့သည့်ကတိအတိုင်း မြောင်းမြတံတားကို ဖွင့်လှစ်နိုင်ခဲ့ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“ကျွန်မအတွက် မြောင်းမြတံတားဖွင့်ရတာဟာ အထူး အရေးကြီးပါတယ်၊ဘာဖြစ်လည်းဆိုတော့ မြောင်းမြတံတား ပြတ်သွားတုန်းကလည်း ကျွန်မ လာကြည့်ခဲ့ပါတယ်၊အလုပ်တစ်ခုဟာ စပြိီးဆိုရင် ဆုံးခန်းတိုင်အောင် အောင်မြင်အောင်လုပ်ဖို့က ကျွန်မတို႔ အားလုံးမှာ တာဝန်ရှိပါတယ်၊အဲဒီတုန်း က အမြန်ဆုံး ပြန်လည်တည်ဆောက်ပေးပါမယ်လို့ ပြည်သူကို ကတိကဝတ်ပေးခဲ့ပါတယ်၊ဒါဟာလည်း အင်မတန်အရေးကြီးပါတယ်၊အစိုးရတစ်ခု အုပ်ချုပ်ရေးယန္တရားများ တာဝန်ယူတဲ့အဖွဲ႔ အစည်းတစ်ခုဟာ ပြည်သူကိုပေးတဲ့ကတိတွေ တည်ဖို႔ ဆိုတာ အင်မတန်မှကို အရေးကြီးပါတယ်၊ပြည်သူနဲ့ အစိုးရ ကြားမှာ ယုံကြည်မှုရှိဖို ့၊ တစ်ဦးနဲ့တစ်ဦးယုံကြည့်ဖို ၊ တစ်ဦးနဲ့တစ်ဦးလေးစားဖို႔ ဆိုရင် နှစ်ဘက်စလုံးက ကိုယ့်တာဝန်ကိုယ်ကျေပြီးတော့ ၊ ကိုယ့်အခွင့်အရေးတွေကိုလည်း ကိုယ်စောင့်ရှောက်နိုင်ရပါမယ်၊အစိုးရရဲ့တာဝန်တစ်ခုဟာ ပြည်သူလူထုတွေကို ပေးထားတဲ့ကတိကို တည်ဖို့ပဲ ဖြစ်ပါတယ်”ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က မြောင်းမြတံတားဖွင့်ပွဲတွင် ပြောသည်။

ဧပြီ ၁ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြတံတားသစ်ဖွင့်ပွဲတွင် ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

" ကျွန်မတို႔ ပေးထားတဲ့ကတိအတိုင်း ဒီနေ႔ မှာ ဒီတံတားကို ဖွင့်နိုင်တာ အင်မတန်မှ ဝမ်းသာပါတယ်" ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဆက်လက် ပြောကြားခဲ့သည်။

ယနေ့ ဧပြီ ၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့သည့် မြောင်းမြတံတားသည် ၂၄ ပေအကျယ်ရှိ နှစ်လမ်းသွားတံတားလည်း ဖြစ်သည်။

၂၀၁၈ ခုနှစ်၊ ဧပြီ ၁ ရက်နေ့ နံနက် ၁ နာရီခန့်က ဆိုင်းကြိုးပြတ်တောက်ကာ ပြတ်ကျခဲ့ခြင်း ဖြစ်ပြီး ကုန်တင်ကားတစ်စင်းပြုတ်ကျကာ လူ ၂ ဦး သေဆုံးခဲ့သည်။ ထို့နောက် တံတားသစ် အမြန်ဆုံး တည်ဆောက်ရန် အစိုးရမှ ကတိကဝတ်ပြုခဲ့ခြင်း ဖြစ်ပြီး တစ်နှစ်တိတိပြည့်သောနေ့တွင် တံတားသစ်ဖွင့်လှစ်နိုင်ခဲ့သည်။

မြောင်းမြမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာစိုးမိုးသူက”၂၀၁၆ခုနှစ်၊နိုဝင်ဘာလတွင် ပြည်သူလွှတ်တော်တွင် မြောင်းမြကြိုးတံတားအန္တရာယ်ရှိနေပြီးဖြစ်လို့ တံတားတစ်စင်း တည်ဆောက်ပေးဖို႔ မေးခွန်းမေးခဲ့ပါတယ်" ဟုပြောသည်။
“ကတိကဝတ် ရရှိတယ်၊တံတားဆောက်နေဆဲကာလမှာ ၂၀၁၈ ခုနှစ်၊ ဧပြီ ၁ ရက်နေ႔ မှာ တံတားကျိုးကျသွားခဲ့ပါတယ်၊ဆောက်လုပ်ဖို႔  နောက်နှစ်နှစ်ကျန်တာကို ပြန်လည်စိစစ်တယ်၊အမြန်ဆုံးပြီးနိုင်ဖို အတွက်ကို ဒီဇိုင်းပုံစံပါ ပြောင်းလိုက်တယ်၊လိုအပ်တဲ့ရန်ပုံငွေကို သမ္မတအရေးပေါ်ရန်ပုံငွေကသုံးခဲ့ပါတယ်”ဟု မြောင်းမြမြို့နယ်ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးမိုးသူက မဇ္စျိမသို႔ ပြောသည်။

ယခင် ပြတ်ကျသွားသော မြောင်းမြကြိုးတံတားအစား ယခုမြောင်းမြတံတားကို ကျပ် ၂၅ ဘီလီယံနီးပါးဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

မြောင်းမြတံတားပြတ်သွားချိန်မှ စတင်ပြီး ခရီးသွားပြည်သူများ သွားလာမှုလွယ်ကူစေရန် တိုင်းအစိုးရက ဇက်ရေယာဉ်များ ပြေးဆွဲပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required