ရေပြတ်လပ်မှုကြောင့် ဗင်နီဇွဲလားပြည်သူများ အခက်ကြုံ

ရေပြတ်လပ်မှုကြောင့် ဗင်နီဇွဲလားပြည်သူများ အခက်ကြုံ

ဧပြီ ၁ ။         ။ လတ်တလောမှာတော့ ဗင်နီဇွဲလားပြည်သူတွေဟာ ကရာကက်စ်မြို့နားမှာ တည်ရှိတဲ့ အယ်လ်အာဗီလာတောင်ပေါ်တက်ပြီး သောက်သုံးရေတွေကို သွားရောက်ယူဆောင်နေရတယ်လို့ သိရပါတယ်။

ဗင်နီဇွဲလားမှာ မီးလုံးဝမပေးတော့တဲ့အတွက် အိမ်တိုင်းအိမ်တိုင်းလိုလို ရေပြတ်လပ်နေသလို ညရောက်ရင်လည်း မီးအိမ်တွေကိုပဲ ထွန်းညှိကာ နေနေရတာဖြစ်ပါတယ်။

ဗင်နီဇွဲလားပြည်သူတွေဟာ သောက်ရေ၊ သုံးရေရရှိနိုင်ဖို့ ရေပုံးကိုယ်စီ၊ ရေဗူးကိုယ်စီသယ်ပြီး အယ်လ်အာဗီလာတောင်ပေါ်မှာ ရေသွားခပ်ကြရပါတယ်။

“ရေတွေက မသန့်ဘူးဆိုပေမယ့်လည်း ပန်းကန်ဆေးဖို့၊ ရေချိုးဖို့သုံးလို့ရပါသေးတယ်။”လို့ မန်နျူရယ်အယ်လ်မေတာက ပြောပါတယ်။

ယင်းကဲ့သို့ ရေသွားခပ်ကြရမှာလည်း လူအရမ်းများတဲ့အတွက် တစ်ခါခပ်ဖို့ကို တစ်နာရီနီးပါးစောင့်ဆိုင်းရတယ်လို့ သိရပါတယ်။

ယခုလို သောက်သုံးရေအတွက် သွားယူနေကြပေမယ့် ရေသောက်ဖို့အတွက်ဆိုရင်တော့ ကျိုပြီးမှ၊ သန့်စင်ပြီးမှ သောက်လို့ရမှာဖြစ်ပါတယ်။

နိုင်ငံတွင်း ရေမီးပြတ်လပ်နေတာကို အခွင့်ကောင်းယူတဲ့ဆိုင်အချို့က ရေသန့်တစ်ဗူးကို ၃ ဒေါ်လာကနေ ၅ ဒေါ်လာအထိ စျေးတင်ပြီးရောင်းချလျက်ရှိပါတယ်။

ဗင်နီဇွဲလားရဲ့ အနိမ့်ဆုံးလစာက ၅ ဒသမ ၅ ဒေါ်လာဖြစ်တဲ့အတွက် ငွေကြေးမတတ်နိုင်သူတွေက ရေရနိုင်တဲ့နေရာတွေကို လိုက်ရှာပြီး ရေသယ်နေကြရပါတယ်။

ဒေါ်လာသုံးစွွဲနိုင်တဲ့ပြည်သူအချို့ပဲ ဟိုတယ်တွေက ရေသန့်ကို သွားဝယ်နိုင်တာဖြစ်ပါတယ်။

နိုင်ငံတွင်း စီးပွားရေးကျပ်တည်းမှုကြောင့် ဆိုင်တော်တော်များများပိတ်လိုက်ရသလို စားစရာဝယ်ဖို့တောင် အနိုင်နိုင်ဖြစ်နေကြပါပြီ။

“မီးမရှိတော့ မီးအိမ်ပဲထွန်းရတယ်။ ရှေးခေတ်ပြန်ရောက်သွားပါပြီ။”လို့ အသက် ၃၀ နှစ်ရှိ ဗင်နီဇွဲလားပြည်သူ လစ်ဇဘတ်မိုရင်ကပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly