ONE: A New Era တွင်ယှဉ်ပြိုင်သွားမည့် Eduard Folayang နှင့် Shinya Aoki တို့ပြိုင်ပွဲအကြောင်းတစ်စေ့တစ်စောင်း

ONE: A New Era တွင်ယှဉ်ပြိုင်သွားမည့် Eduard Folayang နှင့် Shinya Aoki တို့ပြိုင်ပွဲအကြောင်းတစ်စေ့တစ်စောင်း

ONE: A NEW ERA သည် သမိုင်းတွင်မည့်ကိုယ်ခံပညာပြိုင်ပွဲကြီးတစ်ခုဖြစ်လာမည့်အကြောင်းများရှိသည်။ ဤပွဲကြီးသည် ONE Championship က ဂျပန်နိုင်ငံတွင် ပထမဦးဆုံးအကြိမ်ကျင်းပပြုလုပ်မည့်ပြိုင်ပွဲကြီးပင်ဖြစ်သည်။

ဖြစ်သည်။ ဂျပန်နိုင်ငံတွင် ပထမဦးဆုံးအကြိမ် ကျင်းပမည့် ONE Championship ပွဲကြီးတစ်ခုလည်းဖြစ်သည်။ ထိုပွဲကြီးအား အနုပညာဖျော်ဖြေရေးပွဲများနှင့် ကိုယ်ခံပညာအားကစားပြိုင်ပွဲများကျင်းပလေ့ရှိရာ

နာမည်ကျော် Ryogoku Kokugikan အားကစားရုံကြီးတွင် ခမ်းနားစွာ ကျင်းပသွားမည် ဖြစ်သည်။

ပြိုင်ပွဲဇယားတွင် ကမ္ဘာ့ချန်ပီယံခါးပတ်ပြိုင်ပွဲ ၄ခု နှင့်အတူ Demetrious Johnson နှင့် Eddie Alvarez တို့၏ ပွဲဦးထွက် ယှဉ်ပြိုင်ထိုးသတ်မှှုများ ပါဝင်သွားမည်ဖြစ်သည်။ ဤကဲ့သို့သော ပွဲစဉ်ကောင်းများစွာအနက်တွင် အဓိကတွဲဆိုင်းကြီးသည် အထူးစိတ်ဝင်စားစရာကောင်းမည်မှာ ဧကန်မုချပင်ဖြစ်သည်။ လက်ရှိ ONE လိုက်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဖြစ်သူ Eduard Folayang သည် ဂျပန်နိုင်ငံသား နာမည်ကြီး ကစားသမားဖြစ်သူ Shinya Aoki နှင့် မကျေပွဲနွှဲကာ ၎င်း၏ချန်ပီယံခါးပတ်အား ကာကွယ်ယှဉ်ပြိုင်သွားရမည် ဖြစ်သည်။

၎င်းတို့နှစ်ဦး ပထမဆုံး ယှဉ်ပြိုင်ထိုးသတ်ခဲ့သော ပွဲစဉ်တွင် Folyang သည် Aoki အား ပွဲသိမ်းအနိုင်ယူနိုင်ခဲ့ပြီး ချန်ပီယံခါပတ်ကို သိမ်းပိုက်နိုင်ခဲ့သည်။ ထို့အတွက် စိန်ခေါ်သူ Aoki အနေဖြင့် မိမိ အမိမြေပရိတ်သတ်ရှေ့တွင် ပြိုင်ဘက်ကို လက်တုံ့ပြန်အနိုင်ယူကာ ချန်ပီယံခါးပတ်ကို  ရယူသွားမည်ဖြစ်သောကြောင့် ကြည့်ကောင်းမည့်ပွဲလည်း ဖြစ်သည်။ ထိုမကျေပွဲနှင့် ပတ်သက်၍ သုံးသပ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

ပထမ ပွဲစဉ် ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သော ONE: DEFENDING HONOR တွင် Folayang သည် Aoki ကို သုံးချီမြောက်တွင် အံ့အားသင့်ဖွယ်ရာကောင်းစွာပင် ဒိုင်ပွဲရပ်ပုံစံဖြင့် အနိုင်ယူခဲ့သည်။ ထိုသို့အနိုင်ရယူနိုင်မည်ဟု မထင်မှတ်ဖွယ်ရာ အကြောင်းများရှိသည်။ Folayang သည် Aoki ကို အနိုင်မယူခင်တွင် Aoki သည် ONE Championship ပွဲစဉ် ၄ ပွဲအပါအဝင် စုစုပေါင်း ပြိုင်ပွဲ ၉ ပွဲတွင် ဆက်တိုက် အနိုင်ယူနိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။

Aoki သည် Folayang နှင့် ယှဉ်ပြိုင်ရသောပွဲတွင် ပြိုင်ဘက်အပေါ် အသာစီးရယူထားနိုင်ခဲ့ရာမှ Folayang သည် Aoki ၏ တိုက်ခိုက်အားကို တားဆီးရန် ၎င်း၏ဗိုက်နားသို့ ဒူးတိုက်ချက်ပစ်သွင်းနိုင်ခဲ့သည်။ Folayang အနေဖြင့် မိမိပြိုင်ဘက်ကို ထိရောက်စွာ  တိုက်ခိုက်နိုင်လိုက်သည်ကို ရိပ်မိသည်နှင့် တစ်ပြိုင်နက် ထိုးနှက်ချက်များ တရစပ်ပစ်သွင်းခဲ့ကာ ပွဲသိမ်းအနိုင်ယူနိုင်ခဲ့သောကြောင့် ၎င်း၏ ပထမဦးဆုံး ONE လိုက်ဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်ကို သိမ်းပိုက်နိုင်ခဲ့သည်။

Folayang အနေဖြင့် ချန်ပီယံခါးပတ်အား ဆုံးရှုံးခဲ့ရာမှ ပြန်လည်သိမ်းယူနိုင်ခဲ့ပြီး Aoki အနေဖြင့်လည်း မိမိထံမှ ခါးပတ် လုယူသွားသူနှင့် တဖန် မကျေပွဲဆင်နွှဲရန် အခွင့်ကောင်း ရရှိလာခဲ့ပြီ ဖြစ်သည်။

နောက်ခံမှတ်တမ်း ပြိုင်ပွဲဝင် နှစ်ဦးစလုံးမှာ သုံးပွဲဆက် ကိုယ်စီ အနိုင်ရရှိခဲ့သော ကိုယ်ခံပညာကစားသမားများ ဖြစ်ကြသည်။ Aoki သည် Rasul Yahkyaev ၊ Shannon Wirathchai နှင့် Ev Ting တို့ကဲ့သို့သော ပြိုင်ဘက်များကို အနိုင်ရယူ၍ ချန်ပီယံခါးပတ်ပြိုင်ပွဲတွင် ပြန်လည်ယှဉ်ပြိုင်ခွင့်ကို ရယူထားသူဖြစ်သည်။  

Folayang သည် Martin Nguyen ကိုရှုံးနိမ့်ခဲ့ပြီး ချန်ပီယံခါးပတ်ကို လက်လွှတ်ခဲ့ရပြီးနောက်တွင် ကိုယ်ခံပညာကစားသမားများ ဖြစ်ကြသော Kharun Atlangariev ၊ Aziz Pahrudinov နှင့် Amir Khan တို့အား အသီးသီး အနိုင်ယူကစားနိုင်ခဲ့သည်။ ထိခိုက်ဒဏ်ရာရထားသော ချန်ပီယံဟောင်း Nguyen က ချန်ပီယံခါးပတ်လက်လွှတ်လိုက်ခြင်းကြောင့် Folayang သည် ပြီးခဲ့သောပွဲစဉ်တွင် ချန်ပီယံခါးပတ်ကို အနိုင်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

ထိုးနှက်တိုက်ခိုက်ပုံ သုံးသပ်မှဳ

Aoki အနေဖြင့် ပြိုင်ဘက်နှင့် ခြေကန်ချက်များဖလှယ်မှုကို ကာကွယ်နိုင်ရုံမှအပ Folayang ၏ အားသာချက်ဖြစ်သော လက်သီးထိုးချက်များကို ရှောင်လွှဲရန်မှာမဖြစ်နိုင်ပေ။ Folayang သည် ထိုးနှက်ချက်များကို အလွယ်တကူပစ်သွင်းနိုင်သော ပို၍အားသာချက်ရှိသည့် ကစားသမားတစ်ဦးပင်ဖြစ်သည်။

Aoki အတွက်မူ ပြိုင်ပွဲတွင် မတ်တပ်ကစားကွက်ဖြင့်သာ အနိုင်အရှုံးဆုံးဖြတ်ခံရမည်ကို မလိုလားပေ။ ၎င်းအနေဖြင့်  ရရှိလာသော အခွင့်အရေးတိုင်းကို အသုံးချကာ ပြိုင်ဘက်အနားချဉ်းကပ်၍ တိုက်ခိုက်ပုံပြောင်းကာ ပြိုင်ဘက်အား လဲကျသွားစေရန် ကြိုးစားသွားမည်ဖြစ်သည်။

လုံးထွေးသတ်ပုတ်ခြင်းဆိုင်ရာ သုံးသပ်မှဳ Folayang သည် ပထမပွဲ၌ ပြိုင်ဘက်၏ မြေပြင်ပေါ်လှဲချထိုးနှက်ချက်များကို အကောင်းဆုံး တွန်းလှန်နိုင်ခဲ့သည်။ ၎င်း၏ ချုပ်ကွက်ကစားနည်းနှင့် မြေပြင်ပေါ်လှဲချခံရမှုကာကွယ်နည်းများကို ကောင်းစွာလေ့ကျင့်နေခဲ့သည်မှာ အသေအချာပင်ဖြစ်သည်။ Aoki ကို ရင်ဆိုင်သွားနိုင်ရေး ပြင်ဆင်ရာတွင် ဤသည်တို့မှာ အလွန်အရေးကြီးသော အစိတ်အပိုင်းများဖြစ်သည်။

ဂျပန်နိုင်ငံသား အကျော်အမော်ဖြစ်သူ Aoki အနေဖြင့် ၎င်း၏ ပြိုင်ဘက်ကို အနိုင်ရယူရေးပြင်ဆင်ရာတွင် လျှို့ဝှက်ချက်များ မရှိပေ။ Aoki သည် ၎င်း၏ ပြိုင်ဘက်ကို မြေပြင်ပေါ်လှဲချကာ ချုပ်ကွက်အသုံးပြု အနိုင်ရယူလိုသူဖြစ်သည်။ အလဲထိုးကာ အနိုင်ယူသွားချင်သည့် ရည်မှန်းချက်အပြည့်အဝရှိသူဖြစ်သည်။ ထို့ကြောင့် Folayang အနေဖြင့် ဤအန္တရာယ်ပေးနိုင်သောပြိုင်ဘက်ကို ယှဉ်ပြိုင်ထိုးသတ်သွားနိုင်ရန် အဆင်သင့်ဖြစ်နေရမည်ဖြစ်သည်။

အိမ်ကွင်း အားသာချက် ဂျပန်နိုင်ငံ၌ ယှဉ်ပြိုင်ကစားရခြင်းသည် Aoki အတွက် အားသာချက် တစ်ခုဖြစ်ပေသည်။ ထိုပွဲတွင် ၎င်း၏ ပြိုင်ဘက်ကို စောလျင်စွာ လဲကျစေနိုင်ခဲ့လျှင် ထိုအားသာချက်မှာ အထူးပြောင်မြောက်စွာအသုံးချနိုင်မည်ဖြစ်သည်။ Aoki အနေဖြင့် ပြိုင်ဘက်ကို လှဲချနိုင်ခဲ့မည်ဆိုလျှင် ပြိုင်ပွဲကို အနိုင်ရနိုင်သည့် အခွင့်အရေးအလွန်များသည်ဆိုသည့်အကြောင်း ပါးနပ်သော ဂျပန်ပရိသတ်များက သိရှိကြမည်ဖြစ်သည်။

Folayang အနေဖြင့်မူကား ပြိုင်ပွဲအစောပိုင်းကတည်းက  Aoki ၏ လက်ဦးမှုရရန် ကြိုးပမ်းမှှုကို ကာကွယ်တိုက်ဖျက်ခြင်းဖြင့်သာ အိမ်ရှင်ပရိသတ်၏ အရှိန်အဝါကို ဟန့်တားနိုင်မည်သာဖြစ်ပေသည်။

သက်လုံ Aoki အနေဖြင့် ၎င်းတို့၏ ပထမဆုံးပွဲစဉ်တွင် ရုတ်တရက် သက်လုံကုန်သွားခဲ့ဖူးသည်က လွဲ၍ ယခု ကစားသမား နှစ်ဦးစလုံးထိုးသတ်ခဲ့ဖူးသော ပွဲစဉ်တော်တော်များများတွင် မည်သူမျှ သက်လုံ လွယ်ကူစွာ ကုန်သွားတတ်သည် မရှိချေ။ မည်သို့ပင်ဖြစ်စေ Folayang ၏ ဒူးခေါင်းသည် ၎င်း၏ အင်အားလွယ်ကူစွာ ပြုန်းတီးစေသည့်အချက်တွင် ပါဝင်နိုင်သည်ဟု ယူဆရသည်။ သို့ရာတွင် ယခုပွဲသည် အင်အား ပြုန်းတီးစေရုံသက်သက်မဟုတ်သောကြောင့် လျင်မြန်စွာ ပြီးဆုံးမည့် ပွဲမဟုတ်မည်မှာ သေချာလျက်ရှိသည်။

ကြာရှည် တောင့်ခံမှု Folayang သည် ၎င်း၏ ကိုယ်ခံပညာအတွေ့အကြုံအရ အလဲထိုးခြင်းကို ခုခံနိုင်မှုမရှိပေ။ သို့ရာတွင် ၎င်း၏ပြိုင်ဘက် Aoki သည်လည်း ဖြုံရလောက်သော လက်သီးပြင်းသော ကစားသမားတစ်ဦီးမဟုတ်ပေ။ ထို့ကြောင့် Folayang၏ အားနည်းချက်အား အသုံးချကာ အနိုင်ယူနိုင်ရန်မှာလည်း Aoki အတွက် လွယ်ကူသောအရာ မဟုတ်ချေ။ အလဲထိုးပွဲသိမ်းခြင်းနည်းလမ်းသည် Aoki အတွက် အိပ်မက်ဆိုးသာ ဖြစ်နေခဲ့သည်။

၎င်းတို့၏ ပထမဆုံး ယှဉ်ပြိုင်ထိုးသတ်ခဲ့စဉ်ကပင် Folayang သည်  Aoki အား တရစပ် တိုက်ခိုက်ခြင်းဖြင့် အနိုင်ယူနိုင်ခဲ့ပြီးသည့်အပြင် အခြား ပြိုင်ဘက် ကစားသမား ၅ ဦးလုံးသည် အလဲထိုးခြင်းဖြင့် Aoki အားပွဲသိမ်းခဲ့သေးသည်။ ထိုအတွက်ကြောင့် ယခု ပြန်လည် ထိုးသတ်ရမည့် မကျေပွဲတွင် Folayang သည် Aoki အား ထပ်မံ အနိုင်ယူရန် လက်နှေးနေမည် မဟုတ်ပေ။

စိတ်ပိုင်းဆိုင်ရာ အားသာချက် ကစားသမားတစ်ဦးသည် ၎င်း၏ ပြိုင်ဘက်အား ဒိုင်ပွဲရပ်ဖြင့် အနိုင်ယူခဲ့သည်ဆိုလျှင် စိတ်ပိုင်းဆိုင်ရာ ပိုမို အားသာသော ကစားသမားသည် မည်သူဖြစ်မည် ဆိုသည်ကို မေးခွန်းထုတ်ရန်ပင် မလိုတော့ပေ။ Folayang သည် ၎င်းတို၏ လုံးထွေးသတ်ပုတ်ခဲ့ရသော ပထမဆုုံးပွဲကတည်းကပင် Aoki အား အစွမ်းကုန် ပြန်လည်တိုက်ခိုက်ရန် ဖိအားပေးနိုင်ခဲ့သည်။

Aoki သည် ဒိုင်ပွဲရပ် ဆုံးဖြတ်ခြင်းမခံရမှီတွင် အသာစီးရလျက်ရှိနေခဲ့သော်လည်း အလဲထိုးခြင်းကို ခံခဲ့ရသည်။ ၎င်းအနေဖြင့် အစပိုင်းတွင် အသာစီးရခဲ့ပုံနှင့် ၎င်း၏ ချန်ပီယံ ခါးပတ်ကိုပင် ဆုံးရှုံးစေခဲ့သော အားနည်းချက်များအား ရှောင်ကြဉ်ပြီး ထိုအားသာချက်များကို ပြန်လည်ပိုင်ဆိုင်နိုင်ရန် ဆင်ခြင်ဖို့ လိုအပ်လျက်ရှိသည်။

ဘယ်သူ အလေးသာလဲ Folayang သည် ONE: A NEW ERA တွင် အလေးသာလျက်ရှိသူတစ်ဦး ဖြစ်သော်လည်း လုံလောက်မှုမရှိသေးပေ။ Aoki အနေဖြင့် ပွဲတစ်လျှောက်တွင် ပြိုင်ဘက်အား မြေပေါ်လှဲချထားနိုင်လျှင်မူကား ပွဲရလာဒ် ပြောင်းသွားနိုင်ခြေ ရှိပြီး ၎င်းအားသာသော အနေအထားကို ဆွဲခေါ်လာနိုင်ပါက ပြိုင်ဘက်ဖြစ်သူ ချန်ပီယံကိုပင် ချုပ်ကွက်သုံးကာ အနိုင်ရနိုင်ခြေရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly