ဗိုလ်ချုပ်ပုံရိုက်နှိပ်ထားသော တစ်ကျပ်သားရွှေဒင်္ဂါးပုံစံအသစ် ကိုဧပြီ ၂ ရက်တွင် စတင်ရောင်းချမည်

ဗိုလ်ချုပ်ပုံရိုက်နှိပ်ထားသော တစ်ကျပ်သားရွှေဒင်္ဂါးပုံစံအသစ် ကိုဧပြီ ၂ ရက်တွင် စတင်ရောင်းချမည်
ဓာတ်ပုံ- သတင်းစဉ်

ရန်ကုန်၊ မတ် ၃၀ ။     ။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံနှင့် တစ်ကျပ်သားရွှေဒင်္ဂါးပုံစံအသစ်ကို ဧပြီ ၂ ရက်တွင် စတင်ရောင်းချမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက မတ်လ ၂၉ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

အသစ်သွန်းလောင်းသည့်တစ်ကျပ်ကျပ်သားရွှေဒင်္ဂါး၏ အချင်းမှာ၂၆.၀ မီလီမီတာ၊ အထူမှာ၂.၀ မီလီမီတာရှိပြီး ဒင်္ဂါး၏မျက်နှာပိုင်းဗဟိုတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံနှင့် ပုံ၏အောက်တွင် Aung San အမည်ပါရှိကြောင်း  ဒင်္ဂါး၏အနားပတ်လည်တွင် ''Central Bank of Myanmar"၊ "16.329 gm999.9 Fine Gold ''ဟု အင်္ဂလိပ်စာလုံးဖြင့်ဖော်ပြထားပြီး အခြားတစ်ဖက်မျက်နှာပြင်တွင် ''မြန်မာနိုင်ငံတော် ဗဟို ဘဏ်၂၀၁၈၊ ၁ကျပ် ကျပ်သား ၊ ၉၉၉ . ၉သန့်စင်ရွှေ''ဟုမြန်မာစာလုံးဖြင့်ဖော်ပြ ထားကြောင်း သိရသည်။

ထို့အပြင် တစ်ကျပ်ကျပ်သားရွှေဒင်္ဂါးဝယ်ယူရာတွင် ရွှေဒင်္ဂါးပြားနှင့်အတူ ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် သွန်းလောင်း သည့် ဌာနအကြီးအကဲတို့၏ မှန်ကန်ကြောင်းထောက်ခံချက်များ တစ်ပေါင်းတည်း ပါရှိမည်ဖြစ်သည်။  

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် တစ်ကျပ်ကျပ်သား၊ ငါးမူးသား၊ တစ်မတ်သားစသည့် စံချိန်မီ ရွှေဒင်္ဂါးများကို ၁၉၉၁ ခုနှစ်မှ စတင်ထုတ်ဝေခဲ့ပြီး တစ်မတ်သား(ပုံစံသစ်) စံချိန်မီရွှေဒင်္ဂါးကို၂၀၁၈ ခုနှစ်တွင် စတင် ထုတ်ဝေခဲ့သည်။

ထုတ်ဝေခဲ့သော တစ်ကျပ်ကျပ်သားရွှေဒင်္ဂါး၏ မျက်နှာပိုင်းဗဟို၌ ကြယ်တစ်ပွင့်ပုံ၊ ငါးမူးသား ရွှေဒင်္ဂါး၏ မျက်နှာ ပိုင်းဗဟိုတွင်လယ်ထွန်သောပုံ၊ တစ်မတ်သားရွှေဒင်္ဂါး၏ မျက်နှာပိုင်းဗဟိုတွင် သစ်ဆွဲနေသော ဆင်ပုံများ သွန်း လောင်းပြီး တစ်မတ်သား(ပုံစံသစ်) စံချိန်မီရွှေဒင်္ဂါး၏မျက်နှာပိုင်း ဗဟိုတွင် ဗိုလ်ချုပ်ပုံ သွန်းလောင်းထားခဲ့ သည်ဟု သိရသည်။

အသစ်ထွက်ရှိလာမည့် တစ်ကျပ်ကျပ်သားရွှေဒင်္ဂါးပြားကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေးတို့ရှိ  မြန်မာ့ ကျောက်မျက်ရတနာရောင်းဝယ်ရေး လုပ်ငန်း၏ အရောင်းဆိုင်များ၌ နေ့စဉ်ပေါက် စျေးအပေါ် အလျော့ တွက်နှင့်ကုန်ကျစရိတ်ကျပ် ကျပ် ၃၈၉၅၀/- ထပ်ပေါင်းသည့်ဈေးနှုန်း ဖြင့်၂၀၁၉ ခုနှစ် ဧပြီလ ၂ ရက်နေ့မှ စတင်၍ ဝယ်ယူရရှိနိုင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly