ချယ်လ်ဆီးနဲ့ အာဂျင်တီးနား တိုက်စစ်မှူး ဟီဂွါအင် လက်ရွေးစင်ကစားသမားဘဝမှ အနားယူ

ချယ်လ်ဆီးနဲ့ အာဂျင်တီးနား တိုက်စစ်မှူး ဟီဂွါအင် လက်ရွေးစင်ကစားသမားဘဝမှ အနားယူ
Photo: EPA

ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်မှူး ဟီဂွါအင်ဟာ အာဂျင်တီးနား လက်ရွေးစင်ကစားသမားဘဝကနေ အနားယူလိုက်ပြီဖြစ်တယ်လို့ အတည်ပြုကြေညာခဲ့ပါတယ်။

အသက် ၃၁ နှစ်အရွယ် ဟီဂွါအင်ဟာ နိုင်ငံ့အသင်းအတွက် ၇၅ ပွဲကစား၊ ၃၁ ဂိုး သွင်းယူခဲ့ပေမယ့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်း အသင်းမှာ ရွေးချယ်မခံခဲ့ရတော့ပါဘူး။

သူဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလက ဂျူဗင်တပ်စ်ကနေ ချယ်လ်ဆီးအသင်းဆီ အငှားဖြင့် လာရောက်ပူးပေါင်းခဲ့ပါတယ်။

"ကျနော် ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော့်အနေနဲ့ မိသားစုနဲ့ အချိန်ပိုပေးချင်လို့ပါ။ တပြိုင်နက်ထဲမှာ ကျနော့်နိုင်ငံအတွက် တက်နိုင်သလောက် ပေးဆပ်ခဲ့တယ်လို့ ကျနော်ခံစားရလို့ဖြစ်ပါတယ်။"လို့ ဟီဂွါအင်က ပြောသွားပါတယ်။

ဟီဂွါအင်ဟာ အာဂျင်တီးနားအသင်းနဲ့အတူ ၂၀၁၄ ကမ္ဘာ့ဖလားနဲ့ ၂၀၁၅ နဲ့ ၂၀၁၆ ကိုပါအမေရိကဖလားဖြစ်တဲ့ အဓိကပြိုင်ပွဲ ၃ ရပ်ရဲ့ ဗိုလ်လုပွဲစဉ်တွေအထိ ရောက်ရှိခဲ့ပါတယ်။ ဒါပေမယ့် လက်ရွေးစင်အသင်းမှာ သူ့ရဲ့ စွမ်းဆောင်ရည်တွေအတွက် မကြာခဏဆိုသလို ဝေဖန်မှုခဲ့ရသူလည်းဖြစ်ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly