ပရီးမီးယားလိဂ်မှာ လူမုန်းအများဆုံးအသင်းအဖြစ် ချယ်လ်ဆီး ထိပ်ဆုံးမှာ ရပ်တည်နေပြီး မန်ယူ ဒုတိယနေရာမှာ ရှိ

ပရီးမီးယားလိဂ်မှာ လူမုန်းအများဆုံးအသင်းအဖြစ် ချယ်လ်ဆီး ထိပ်ဆုံးမှာ ရပ်တည်နေပြီး မန်ယူ ဒုတိယနေရာမှာ ရှိ

The Mirror သတင်းစာမှ ကောက်ယူခဲ့တဲ့ စစ်တမ်းမှာ ဖော်ပြထားချက်အရ ပရီးမီးယားလိဂ်မှာ လူမုန်းအများဆုံးအသင်းအဖြစ် ချယ်လ်ဆီးအသင်းက ထိပ်ဆုံးမှာ ရပ်တည်နေပြီး သူ့နောက်မှာတော့ မန်ယူအသင်းရှိနေပါတယ်။

ဒီလိုပဲ  လီဗာပူးလ်အသင်း၊ ဝက်စ်ဟမ်းနဲ့ အာဆင်နယ်အသင်းတို့ကလည်း ထိပ်ဆုံး ၅ သင်းမှာ ပါဝင်နေပါတယ်။

အေဘရာမိုဗစ်ဟာ ၂၀၀၃ ခုနှစ်က ချယ်လ်ဆီးအသင်းကို ဝယ်ယူပြီးနောက်ပိုင်း စဉ်ဆက် ငွေဖြုန်းတီးခဲ့ပါတယ်။ ဒါ့ကြောင့် ဖြစ်ကောင်းဖြစ်နိုင်တာက လူတွေရဲ့ မုန်းတီးမှုနောက်ကွယ်က အဓိကအကြောင်းရင်းတွေထဲက တစ်ခုပါပဲ။

The Mirror ရဲ့ စစ်တမ်းမှာ ပရိသတ်တွေကို လက်ရှိ ပရီးမီးယားလိဂ်မှာ ရပ်တည်နေတဲ့ ဘယ်အသင်းကို အကြိုက်ဆုံးနဲ့ အမုန်းဆုံးအသင်းများလဲလို့ မေးမြန်းရာမှာ ဆိုးလ်ရှားရဲ့ မန်ယူအသင်းက ပရိသတ်အားလုံးရဲ့ ၆၈.၁ ရာခိုင်းနှုန်းက လူအမှန်အများဆုံးအဖြစ် မဲပေးခဲ့တာဖြစ်တာကြောင့် ချယ်လ်ဆီးရဲ့ ရလဒ် ၆၈.၇ ရာခိုင်နှုန်းနဲ့ တူညီလုနီးပါးဖြစ်ခဲ့ပါတယ်။

ယာဂန်ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းကတော့ ပရိသတ် ၅၂.၈ ရာခိုင်းနှုန်းက မဲပေးမှုနဲ့ တတိယနေရာမှာ ရပ်တည်ခဲ့ပါတယ်။

ဝက်စ်ဟမ်အသင်းကလည်း ၄၇.၆ ရာခိုင်နှုန်းနဲ့ အဆင့် ၄ နေရာ၊ အာဆင်နယ်နဲ့ စပါးတို့က မဲပေးမှု ၄၆.၂ ရာခိုင်းနဲ့ ၄၃.၅ ရာခိုင်နှုန်းတို့ အသီးသီးစီနဲ့ နောက်က လိုက်နေပါတယ်။

ပရီးမီးယားလိဂ် လူမှန်းအများဆုံးအသင်းများ ရပ်တည်မှု အပြည့်အစုံ

အဆင့်

အသင်း

ရာခိုင်နှုန်း

ချယ်လ်ဆီး

၆၈.၇

မန်ယူ

၆၈.၁

လီဗာပူးလ်

၅၂.၈

ဝက်စ်ဟမ်း

၄၇.၆

အာဆင်နယ်

၄၆.၂

စပါး

၄၃.၅

မန်စီးတီး

၃၈.၇

ကာဒစ်ဖ်

၃၆.၅

ပဲလေ့စ်

၂၉.၇

၁၀

အဲဗာတန်

၂၇.၀

၁၁

ဝက်ဖို့ဒ်

၂၄.၀

၁၂

နယူးကာဆယ်

၂၃.၅

၁၃

ဝုလ်ဗ်

၂၀.၁

၁၄

လက်စတာ

၁၈.၉

၁၅

ဆောက်သမ်တန်

၁၆.၃

၁၆

ဘရိုက်တန်

၁၆.၂

၁၇

ဖူလ်ဟမ်

၁၅.၀

၁၈

ဘန်လေ

၁၃.၃

၁၉

ဘုန်းမောက်

၁၀.၂

၂၀

ဟတ်ဒါဖီးလ်

၉.၇

တန်းဆင်းဇုန်မှာ ရုန်းကန်နေရတဲ့ ဘုန်းမောက်၊ ဟတ်ဒါဖီးလ်နဲ့ ဘန်လေအသင်းတို့မှာ လူအမှန်းအများဆုံးအသင်းများစာရင်းမှာလည်း အောက်ခြေမှာသာရှိနေကြပြီး ဇယားအလယ်အလတ်အသင်းတွေဖြစ်တဲ့ နယူးကာဆယ်လ်၊ ဝက်ဖို့ဒ်နဲ့ အဲဗာတန်တို့က ဒီစာရင်းမှာ အလယ်အလတ်မှာသာရှိနေတာကို ထူးခြားစွာ တွေ့ရပါတယ်။

The Mirror မှ ပရိသတ်အကြိုက်ဆုံးအသင်းတွေကိုလည်း ဖော်ပြခဲ့ပါတယ်။

တခြား အံ့အားသင့်စရာရလဒ်တစ်ခုကတော့ ပရိသတ်တွေရဲ့ ပျမ်းမျှ ၃၅.၈ ရာခိုင်နှုန်းက ဘန်လေအသင်းကို ကြိုက်ကျတာပဲဖြစ်ပါတယ်။

သူ့ရဲ့နောက်မှာ ဘုန်းမောက် (၃၂.၉ ရာခိုင်နှုန်း)၊ ဟတ်ဒါဖီးလ် (၃၀.၂ ရာခိုင်နှုန်း)၊ မန်စီးတီး (၂၈.၃ ရာခိုင်နှုန်း)၊ နယူးကာဆယ်နဲ့ ဖူလ်ဟမ်(၂၇.၁ ရာခိုင်နှုန်းစီ)တို့ ဖြစ်ပါတယ်။

Ref; SportBible

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly