ဘင်္ဂလားပင်လယ်အော်၌ ဧပြီလအတွင်း မုန်တိုင်းဖြစ်ပေါ်နိုင်

ဘင်္ဂလားပင်လယ်အော်၌ ဧပြီလအတွင်း မုန်တိုင်းဖြစ်ပေါ်နိုင်

ရန်ကုန် ၊ မတ် ၂၉ ။     ။ လာမည့်ဧပြီလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း နှစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး  အား ကောင်းသည့် မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မတ်လ၂၈ရက်နေ့တွင် ထုတ်ပြန်သတိပေးထားသည်။

မိုးလေဝသနှင့်ဇလဗဒညွှန်ကြားမှုဦးစီးဌာနက မိုးကြိုကာလ ဧပြီလအတွက် ကြိုတင်မိုးလေဝသ ခန့်မှန်း ချက်အဖြစ် ထုတ်ပြန်ခဲ့ခြင်းလည်းဖြစ်သည်။

မိုးရွာသွန်းမှုအနေဖြင့် ကချင် နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းတို့တွင် ဧပြီလ ရွာသွန်းနှုန်းထက် ပိုမိုရွာသွန်းနိုင် သော်လည်း မကွေး ၊ ပဲခူး ၊ ရန်ကုန် ၊ ဧရာဝတီ ၊ ကရင် နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက် လျော့နည်း နိုင်သည်ဟု ခန့်မှန်းထားသည်။

နေ့အပူချိန်များ၌ မကွေး ၊ ပဲခူး ၊ ရန်ကုန် ၊ ဧရာဝတီ ၊ တနင်္သာရီ ၊ ရခိုင် ၊ ကယား ၊ ကရင် ၊ မွန်ပြည်နယ် စသည့် ဒေသ ကိုးခု တွင် ဧပြီလ ပျမ်းမျှအပူချိန် ထက် (၁.၅) ဒီဂရီ စင်တီဂရိတ် ပိုနိုင်သည်ဟုလည်း မိုး/ဇလ ကဆို သည်။

လက်ရှိအချိန်ကာလတွင် မုန်တိုင်းအန္တရာယ်ထက် လေပြင်းနှင့် မိုးကြိုးပစ်မှုများကိုဖြစ်စေနိုင်သည့် မိုးတိမ် တောင် အန္တရာယ်ကို အထူးသတိပြုသင့်သည်ဟု မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင် က သတိပေး ပြောဆိုထားသည်။

မတ်လကုန် နှင့် ဧပြီလ အစပိုင်းတွင် တနင်္သာရီ၊ စစ်ကိုင်း၊  ရန်ကုန် ၊ ပဲခူး နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ကချင်၊ မွန်၊ ကရင်ပြည်နယ်တို့၌ မိုးတိမ်တောင်အန္တရာယ်ရှိသည်ဟု ဒေါက်တာထွန်းလွင်က သတိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly