ကုန်သွယ်ရေး ဆွေးနွေးပွဲမှာ လုပ်ကိုင်ဆောင်ရွက်စရာတွေ အမြောက်အမြား ရှိနေဆဲပဲလို့ တရုတ် ပြော

ကုန်သွယ်ရေး ဆွေးနွေးပွဲမှာ လုပ်ကိုင်ဆောင်ရွက်စရာတွေ အမြောက်အမြား ရှိနေဆဲပဲလို့ တရုတ် ပြော

ပေကျင်း၊ မတ် ၂၈ ။           ။ အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် ရောဘတ်လိုက်သီဇာနဲ့ ဘဏ္ဍာရေးဝန်ကြီး စတီဗင် မနုချင်တို့ ဦးဆောင်တဲ့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ဟာ နှစ်ရက်တာ ကုန်သွယ်ရေး ဆွေးနွေးပွဲအတွက် ပေကျင်းကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

ဒီလို အမေရိကန်ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိပြီး လအတော်ကြာ ဖြစ်ပွားတဲ့ ကုန်သွယ်ရေးစစ်ပွဲကို ဖြေရှင်းနိုင်ဖို့ ဆွေးနွေးပွဲသစ်တွေ တွေ့ဆုံစည်းဝေးနေချိန်မှာ အမေရိကန်နဲ့ တရုတ် စေ့စပ်ညှိနှိုင်းသူတွေအနေနဲ့ လုပ်ကိုင်ဆောင်ရွက်စရာတွေ အမြောက်အမြား ရှိနေဆဲပဲ ဖြစ်တယ်လို့ တရုတ်နိုင်ငံက မတ် ၂၈ ရက်မှာ ပြောလာပါတယ်။

တရုတ် ထိပ်တန်းစီးပွားရေးအရာရှိ လွီဟီနဲ့ အမေရိကန် ကိုယ်စားလှယ်တွေ အခု တွေ့ဆုံမှုဟာ တရုတ်နိုင်ငံမှာ အလျှော့ပေးတဲ့ လက္ခဏာတစ်ရပ်အဖြစ် ကုန်သွယ်ရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းစဉ်သစ်တွေကို ဥပဒေပြုလာပြီးနောက်မှာ ပထမဆုံး တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ သဘောတူလက်မှတ်ရေးထိုးမှု အခမ်းအနားတစ်ရပ်ကို မကြာမီမှာ ကျင်းပနိုင်တော့မယ်လို့ မျှော်လင့်ကြောင်း ပြောပေမယ့် စေ့စပ်ညှိနှိုင်းမှုတွေကတော့ တစ်ဖြောင့်တည်း လမ်းကြောင်းမှာ ရှိမနေပါဘူး။

“အဆုံးသတ်နိုင်တဲ့အထိ ဖော်ဆောင်နိုင်ဖို့မှာ လုပ်စရာတွေ ထုနဲ့ ထေး ရှိနေဆဲ ဖြစ်တယ်။ နှစ်ဖက်စလုံးက စေ့စပ်ညှိနှိုင်းမှုတွေကို အလေးအနက် လုပ်ကိုင်ဆောင်ရွက်နေကြတာ ဖြစ်တယ်။”လို့ တရုတ် ထိပ်တန်းစီးပွားရေးအရာရှိ လွီဟီက ပြောခဲ့ပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly