ဂွါတီမာလာမြေပြိုမှု သေဆုံးသူ ရ၃ ဦးထိရှိလာ၊ ၃၅၀ ပျောက်ဆုံးနေ

ဂွါတီမာလာမြေပြိုမှု သေဆုံးသူ ရ၃ ဦးထိရှိလာ၊ ၃၅၀ ပျောက်ဆုံးနေ

ဂွါတီမာလာတွင် မြေပြိုမှုတစ်ရပ်ဖြစ်ပွား၍ သေဆုံးသူပေါင်းသည် ၇၃ ဦးထိရှိပြီဖြစ်သည်။ မြို့တော် အပြင်ဖက် ကိုးမိုင်ခန့်အကွာတွင် ဖြစ်ပွားသည့် ယင်းမြေပြိုမှုသည် အီကမ်ဘရေးကျေးရွာရှိ အိမ်များမှာ တောင်နံရံပြိုကျမှုကြောင့် မြေပိပျက်စီးခြင်းဖြစ်သည်။

ထိုအပျက်အစီးများအောက်တွင် ပျောက်ဆုံးသူပေါင်း ၃၅၀ ခန့်ရှိနေကြောင်း အာဏာပိုင်များက ပြောသည်။

အပျက်အစီးများအောက် ပိတ်မိနေသူများကို ကယ်ဆယ်ရေးသမားများက အနံခံခွေးများသုံးကာ ရှာဖွေနေသည်။

လူ ၂၆ ဦးကိုသာ လက်ရှိအချိန်အထိ ကယ်ဆယ်နိုင်သေးကြောင်း အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဂျူလီယာဘာရီရာက ပြောသည်။

မြေပြိုမှုဖြစ်ရာနေရာတွင် ကယ်ဆယ်ရေးဝန်ထမ်း အင်အားပေါင်း ထောင်ကျော်သုံးကာ မြေရှင်းစက်များနှင့် အနံခံခွေးများဖြင့် ကယ်ဆယ်ရေးများ ဆောင်ရွက်နေကြခြင်းဖြစ်သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly