အက်သလက်တီကိုမှ လူကပ်စ်ဟာနန်ဒက်ဇ်ကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ဘိုင်ယန်မြူးနစ် ခေါ်ယူ

အက်သလက်တီကိုမှ လူကပ်စ်ဟာနန်ဒက်ဇ်ကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ဘိုင်ယန်မြူးနစ် ခေါ်ယူ
Photo: Bayern

ဘိုင်ယန်မြူးနစ်အသင်းဟာ အက်သလက်တီကို နောက်ခံကစားသမား လူကပ်စ် ဟာနန်ဒက်ဇ်ကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ယူရိုသန်း ၈၀ (ပေါင် ၆၈ သန်း) ရှိ ၅ နှစ် စာချုပ်တစ်ရပ်ဖြင့် ခေါ်ယူခဲ့ပါတယ်။

ပြင်သစ်အသင်းနဲ့အတူ ၂၀၁၈ ကမ္ဘာ့ဖလား ဆွတ်ခူးခဲ့တဲ့ အသက် ၂၃ နှစ်အရွယ် နောက်ခံလူဟာ ဘွန်ဒစ်လီဂါအမှတ်ပေးဦးဆောင်သူ ဘိုင်ယန်အသင်းနဲ့ လာမယ့် ဇူလိုင် ၁ ရက်မှာ ပူးပေါင်းမှာဖြစ်ပါတယ်။

ဘိုင်ယန်အသင်းမှာ ဟာနန်ဒက်ဇ်ရဲ့ ဆေးစစ်မှုပြုလုပ်စဉ်အတွင်း ဆရာဝန်တွေက သူဟာ ညာဖက်ဒူးအရွတ်ဆုတ်ပြဲ ဒဏ်ရာရှိခဲ့တာကို တွေ့ရှိခဲ့ပြီး နောက်ပိုင်းမှာ သူဟာ ဗုဒ္ဒဟူးနေ့က ခွဲစပ်မှုခံယူခဲ့ပါတယ်။

"ဒီနေ့က ကျနော့်ဘောလုံးသမားဘဝမှာ အရမ်းအရေးပါတဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။"လို့ ဟာနန်ဒက်ဇ်က ပြောပါတယ်။

"ဘိုင်ယန်မြူးနစ်အသင်းဟာ ဥရောပမှာရော၊ ကမ္ဘာပေါ်မှာပါ အကောင်းဆုံးအသင်းတွေထဲက အသင်းတစ်သင်းပါ။ ဘိုင်ယန်အသင်းနဲ့အတူ ဖြစ်နိုင်သမျှ ဆုဖလားအားလုံးအတွက် တိုက်ပွဲဝင်မှာဖြစ်လို့ ကျနော်တော် ဂုဏ်ယူပါတယ်။"

ခံစစ်အတွင်းရော၊ ဘယ်နောက်တန်းမှာပါ နှစ်နေရာလုံး ကစားနိုင်သူ ဟာနန်ဒက်ဇ်ဟာ  အက်သလက်တီကိုအသင်းမှာ လာလီဂါ ၆၇ ပွဲကစားခဲ့ပြီး ယူရိုပါလိဂ်နဲ့ စပိန်စူပါဖလားတို့ကို ဆွတ်ခူးခဲ့ပါတယ်။

သူဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ပြင်သစ်အသင်းမှာ ပါဝင်ခဲ့သူဖြစ်ပြီး နိုင်ငံလက်ရွေးစင်အသင်းအတွက် ၁၅ ပွဲကစားထားပါတယ်။

"ကမ္ဘာ့အကောင်းဆုံးနောက်ခံကစားသမားထဲက တစ်ယောက်၊ ကမ္ဘာ့ဖလားဆုဖလားကိုင်မြှောက်ခဲ့သူ လူကပ်စ်ဟာနန်ဒက်ဇ်ကို ခေါ်ယူနိုင်လို့ ကျနော် အရမ်းဝမ်းသာမိပါတယ်။ လူကပ်စ်ဟာ ကျနော်အသင်းမှာ ပြင်သစ်ဘောလုံးသမားတွေရဲ့ ကြီးကျယ်တဲ့ အစဉ်အလာအတိုင်း ဆက်လက်ရှိနေမှာဖြစ်ပြီး ကျနော်တို့အသင်းကို တိုးတက်စေမှာပါ။"လို့ ဘိုင်ယန်ရဲ့ အားကစားဒါရိုက်တာ ဟာဆန် ဆာလီဟာမစ်ဇစ်က ပြောဆိုပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly