‘လက်ရှိ မန်ယူနည်းပြ ဆိုးလ်ရှားလည်း မော်ရင်ဟိုနည်းတူ ဘတ်စ်ကားကွက်ကို အသုံးပြုနေတာပါ’ - ဗန်ဟားလ်

‘လက်ရှိ မန်ယူနည်းပြ ဆိုးလ်ရှားလည်း မော်ရင်ဟိုနည်းတူ ဘတ်စ်ကားကွက်ကို အသုံးပြုနေတာပါ’ - ဗန်ဟားလ်
Photos: EPA

လူးဝစ်ဗန်ဟားလ်က ဆိုးလ်ရှားဟာ မန်ချက်စတာယူနိုက်တက်မှာ ဖာဂီရဲ့ ကစားဟန်ဖြစ်တဲ့ ဖျော်ဖြေမှုဆန်တဲ့ ကစားဟန်ကို သယ်ဆောင်လာတယ်ဆိုတာကို ငြင်းဆန်သွားခဲ့ပြီး နော်ဝေလူမျိုးနည်းပြဟာလည်း မော်ရင်ဟိုရဲ့ ကစားဟန်ဖြစ်တဲ့ ဘတ်စ်ကားကွက်ကိုပဲ အသုံးပြုနေတယ်လို့ ဝေဖန်ပြောဆိုလိုက်ပါတယ်။

ယူနိုက်တက်နည်းပြဟောင်း ဗန်ဟားလ်က ဆာအဲလက်စ် ဖာဂူဆန်လက်ထက် မြင်တွေ့ရတဲ့ တိုက်စစ်ကစားပုံကို ဆိုးလ်ရှားက ကလပ်အသင်းဆီ ပြန်လည်ယူဆောင်လာခဲ့တယ်ဆိုတာ ပုံပြင်တစ်ပုဒ်သာဖြစ်တယ်လို့ အခိုင်အမာဆိုပါတယ်။

ဗန်ဟားလ်က ဘီဘီစီနဲ့ အင်တားဗျူးတစ်ခုမှာ “ကျနော်နောက်မှာ မော်ရင်ဟိုက အသင်းကို ဘတ်စ်ကားကွက်နည်းစနစ်နဲ့ တန်ပြန်တိုက်စစ်ကို ပြောင်းလဲခဲ့ပါတယ်။ အခု နောက်ထပ်နည်းပြတစ်ဦးကလည်း ဘတ်စ်ကားကွက်ကိုပဲ သုံးနေသလို တန်ပြန်တိုက်စစ်နဲ့ပဲ ကစားနေတာပါ။

“မော်ရင်ဟိုနဲ့ ဆိုးလ်ရှားတို့ နှစ်ကြားမှာ အဓိကကွာခြားသွားတာကတော့ ဆိုးလ်ရှားက နိုင်ပွဲတွေ ရနေတာပါပဲ။

“ဆိုးလ်ရှားက ပေါ့ဘာရဲ့ ကစားတဲ့ နေရာကို ပြောင်းလဲပေးနိုင်ခဲ့တယ်ဆိုတာကလည်း မှန်ပါတယ်။ သူ့ကို တိုက်စစ်ကို လိုက်ပါကစားဖို့ တွန်းအားပေးနိုင်ခဲ့ပြီး ပေါ့ဘာက ပိုပြီး အရေးကြီးလာပါတယ်။

“ဒါပေမယ့် ယူနိုက်တက်က ဖာဂူဆန်လက်ထက်ကလို ကစာနေတာတော့ မဟုတ်ပါဘူး။

“ခံစစ်ကို အားပြုပြီး တန်ပြန်တိုက်စစ်နဲ့ ကစားနေတာပါ။ ဒါကို ခင်ဗျား သဘောကျတယ်ဆိုရင်တော့ သဘောကျတာပဲပေါ့။

“ကျနော့်ရဲ့ ပျင်းစရာကောင်းတဲ့ တိုက်စစ်ကစားပုံထက် ဒါကို ပိုပြီး စိတ်လှုပ်ရှားတယ်လို့လည်း ခင်ဗျား တွေးနိုင်ပါတယ်။ အိုကေပါ။ ဒါပေမယ့် ဒါက ကျနော့်အတွက်တော့ မဟုတ်ပါဘူး။

“သူတို့တွေ ချန်ပီယံလိဂ်ဖလားကိုလည်း ဆွတ်ခူးနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က ခံစစ်နည်းစနစ်ကို အားပြုကစားနေတာဖြစ်ပြီး သူတို့ကို အနိုင်ယူဖို့က ခက်ခဲလို့ပါပဲ။ ခင်ဗျား ဒါကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ဒါဟာ မော်ရင်ဟိုရဲ့ လုပ်ကိုင်ခဲ့တဲ့ ရလဒ်ပဲဖြစ်ပါတယ်။”လို့ ပြောသွားခဲ့ပါတယ်။

Ref; The Sun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly