ကမ္ဘာ့ကြိုးဝိုင်းစင်မြင့်တွင်ကိုယ်ခံပညာ အားကစားရပ်ကို ကိုယ်စားပြုမည့် Eduard Folayang

ကမ္ဘာ့ကြိုးဝိုင်းစင်မြင့်တွင်ကိုယ်ခံပညာ အားကစားရပ်ကို ကိုယ်စားပြုမည့် Eduard Folayang

အသက် ၃၅ နှစ်ရှိပြီဖြစ်သော ဖိလစ်ပိုင်နိုင်ငံ့ဂုဏ်ဆောင် ကိုယ်ခံပညာ ကစားသမား Eduard “Landslide”  Folayang သည် ၎င်း၏ ပထမဆုံးအကြိမ် ONE လိုက်ဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ် ကာကွယ်ပွဲအတွက် ကြုံတွေ့လာသမျှ  အခက်အခဲများကို နောက်မဆုတ်တမ်း ရင်ဆိုင်သွားမည်ဖြစ်သည်။

Team Lakay ၏ ဦးဆောင်သူဖြစ်သော Folayang သည် မတ်လ ၃၁ ရက်နေ့ ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ အထင်ကရ ကျော်ကြားသော Ryōgoku Kokugikan အားကစားရုံကြီးတွင် ကျင်းပပြုလုပ်မည့် ONE: A NEW ERA ပြိုင်ပွဲကြီး၏ အဓိကတွဲဆိုင်းကြီးတွင် ပြိုင်ဘက်ဖြစ်သူ Shinya “Tobikan Judan” Aoki နှင့် ရင်ဆိုင်ယှဉ်ပြိုင်သွားရန်  စီစဉ်ထားခြင်းခံရသည်။

ယနေ့အချိန်ထိ ၁၂ နှစ်တာကာလအတွင်း လေးစာဖွယ် ကစားသမားတစ်ဦးအဖြစ် ရပ်တည်နေခဲ့သော Folayang ယခုလိုအချိန်အခါမျိုးရောက်ရှိနိုင်ရန် လျှောက်လှမ်းကြုံတွေ့ခဲ့ရသော ဘဝအနေအထားကို ပြန်လည် သုံးသပ်မိကာ ကိုယ်ခံပညာအားကစားရပ်ကို ကျေးဇူးတင်လျက်ရှိသည်ဟု ဆိုသည်။“ကိုယ်ခံပညာကစားသမာတစ်ယောက်ဖြစ်ခြင်းရဲ့ အကောင်းဆုံး အကျိုးရလဒ်ဟာ ကျွန်တော့်ဘဝမှာ စည်းစနစ်တကျနဲ့ နေထိုင်တတ်သွားတာပါပဲ” ဟု Folayang က ဆိုသည်။

“စည်းစနစ်တကျနဲ့ မျှတမှုတွေကို ပေးစွမ်းနိုင်ခဲ့တယ်။ ကျွန်တော်ကို ကောင်းမွန်တဲ့ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်စေခဲ့တယ်။ အခု ကျွန်တော်မှာ ရှိနေတဲ့အရာ အားလုံးဟာ ကိုယ်ခံပညာ အားကစားရပ်ကြောင့် ရရှိလာခဲ့တာပါ။ ကျွန်တော် တစ်ဘဝလုံးစာအတွက်  ကျေးဇူးရှိပါတယ်။ ငြင်းဆိုလို့မရတဲ့ ကိစ္စတစ်ခုက ကိုယ်ခံပညာ အားကစားသမားတစ်ယောက်အနေနဲ့ အနေအထားတစ်ခုကို ထိန်းသိမ်းထားရတာရှိပါတယ်။ အထူးသဖြင့် အာရှလို ကိုယ်ခံပညာကို အထူးအလေးထားတဲ့နိုင်ငံတွေမှာပေါ့။ ဒါကြောင့်လည်း ကျွန်တော် အကောင်းဆုံးကြိုးစားသလို ကြိုးဝိုင်းထဲရောက်တဲ့အခါလည်း အစွမ်းကုန်ကြိုးစားပါတယ်” ဟု ၎င်းကဆိုသည်။

ယခုအခါ အများကလေးစားရသော ဝါရင့် ကိုယ်ခံပညာ သိုင်းပေါင်းစုံ ကစားသမား Folayang သည် ၎င်း၏ ကစားသမားသက်တမ်းတွင် အရေးကြီးသော အချိန်သို့ရောက်ရှိနေပြီဖြစ်သည်။ Baguio မြို့သား Folayang သည် မတ်လတွင် ကျင်းပမည့်ပြိုင်ပွဲတွင် အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ပြီး ၎င်းကို တွန်းအားပေးနေသော အကြောင်းရင်းများကိုလည်း ဖွင့်ဟပြောဆိုခဲ့သည်။

ယခင်က အောင်မြင်မှုများရရှိခဲ့သော ဖိလစ်ပိုင်ကစားသမားကိုတွန်းအားပေးနေသော အချက်များက အောင်မြင်မှုကိုရယူလိုသောစိတ်ကြောင့် ဖြစ်သော်လည်း ယခုအခါ ၎င်း၏ အနီးကပ်တွင်ရှိသောသူများက ခွန်းအားပေးနေချင်ကြောင့် အောင်မြင်မှုများ ထပ်မံဆွတ်ခူးနိုင်ကြခြင်းဖြစ်သည်။

“အလုပ်တွေပြီးလို့ အိမ်ပြန်သွားတဲ့အခါ စောင့်နေမယ့် မိသားစုရှိနေမှာကို သိနေတော့ ကြိုးဝိုင်းထဲမှာပဲဖြစ်ဖြစ်၊ ကြိုးဝိုင်းပြင်ပမှာဖြစ်ဖြစ် လုပ်တဲ့အရာတိုင်းကို သတိထားလုပ်ဆောင်ပါတယ်” ဟု
Folayang က ဆိုသည်။

“ကျွန်တော့်အတွက် သူတို့ကို စိတ်မပူစေချင်ဘူး။ တစ်ချိန်တည်းမှာပဲ ကျွန်တော့်ကို သူတို့ စိတ်မပျက်စေချင်ဘူး” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ Folayang သည် မတ်လ ၃၁ ရက်နေ့တွင် ယှဉ်ပြိုင်ရမည့် ONE လိုက်ဝိတ်ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲ၌ အောင်မြင်မှု ရရှိရန် လိုအပ်သည့် ကိစ္စရပ်မှန်သမျှကို ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်သည်။ ထိုတွဲဆိုင်းသည် အခက်ခဲဆုံးစိန်ခေါ်မှုတစ်ခုဖြစ်ကြောင်း အသိအမှတ်ပြုထားသော်လည်း ၎င်း ရင်ဆိုင်ရမည်ကို သိရှိထားသည့်အပြင် ချန်ပီယံခါးပတ်ကို မြဲမြံစွာ ဝတ်ဆင်ကာ အမိမြေကိုသို့ ပြန်သွားနိုင်ရန် မျှော်လင့်လျက်ရှိသည်။

“ကစားသမားတစ်ယောက်အနေနဲ့ တောက်လျှောက် လေ့ကျင့်မှုတွေ လုပ်ခဲ့ပြီး နိုင်ငံရပ်ခြားမှာ ပြိုင်ပွဲတွေ အများအပြား ယှဉ်ပြိုင်ရတာဟာ ခက်ခဲပါတယ်” ဟု
Folayang က အပြီးသတ်ပြောကြားခဲ့သည်။

“ကျွန်တော် မိသားစုနဲ့အဝေးမှာ တော်တော်အချိန်ကုန်ခဲ့တယ်။ ဒါက ပြိုင်ပွဲတွေရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။ အိမ်ကမထွက်ခင် ကျွန်တော်နဲ့ ကျွန်တော်တို့အသင်းအတွက် ဆုတောင်းပေးဖို့ အမြဲတမ်းပြောခဲ့ပါတယ်။ ကျွန်တော် သူတို့ကိုချစ်တယ်လို့ ပြောပြီးမှ အိမ်ကထွက်ခဲ့တယ်” ဟု ၎င်းက ပြောပြခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly