ဗင်နီဇွဲလား ဆေးရုံတစ်ခုမှာ လူနာတွေ ပျော်အောင် ဆရာဝန်တွေ ကပြဖျော်ဖြေ

ဗင်နီဇွဲလား ဆေးရုံတစ်ခုမှာ လူနာတွေ ပျော်အောင် ဆရာဝန်တွေ ကပြဖျော်ဖြေ

မတ် ၂၆ ။    ။ ဗင်နီဇွဲလားနိုင်ငံက ဆေးရုံတစ်ရုံမှာတော့ လူနာတွေကို တဒင်္ဂ စိတ်ပျော်ရွှင်ချမ်းသာနိုင်စေဖို့ဆိုပြီး ဆရာဝန်တွေနဲ့ ဆေးကျောင်းသားအုပ်စုတစ်စုက မတ်လ ၂၃ ရက်က စုဖွဲ့ကပြဖျော်ဖြေပေးခဲ့တယ်လို့ သိရပါတယ်။

ဒါဟာ နိုင်ငံရေးအကျပ်အတည်းကြီးတစ်ခုနဲ့အတူ ကျန်းမာရေးစနစ် ယိုယွင်းပျက်စီးနေလျက်ရှိတဲ့ နိုင်ငံမှာ ဆေးရုံတက် ကုသမှုခံယူနေကြရတဲ့ လူနာတွေ ခံစားနေရတဲ့ စိတ်ပင်ပန်းနွမ်းနယ်မှုတွေကို ပြေပျောက်လျော့ပါးစေဖို့ ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ယင်းနိုင်ငံမှာတော့ ကျန်းမာရေးစနစ် ပြိုလဲမှုနဲ့အတူ ဆေးဝါးပြတ်လပ်မှုတွေ ကြုံတွေ့ခံစားနေရချိန် ဆေးရုံတက်လူနာတွေ စိတ်လက်ပြေပျောက်စေဖို့အတွက် ဆရာဝန်တစ်ဦး၊ ဆေးကျောင်းသား နှစ်ဦးတို့က ဦးဆောင်ပါဝင် ကပြခဲ့တာဖြစ်ပါတယ်။

ကျန်းမာရေးစနစ် ယိုယွင်းပြိုလဲနေချိန် မျှော်လင့်ချက်တွေကို လုံ့ဝ မစွန့်လွှတ်လိုက်ဖို့ သတင်းစကားပါးလိုခြင်းလည်း ဖြစ်ပါတယ်။

Ciudad Bolivar မြို့က Ruiz y Paez ဆေးရုံမှာ ခက်ခဲကြမ်းတမ်းတဲ့ နေ့စဉ်ဘဝတွေကို ဖြတ်သန်းနေကြရတဲ့ ဆေးရုံတက်လူနာတွေအတွက် ပျော်ရွှင်စရာတွေ သယ်ဆောင်ပေးလိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့တာဖြစ်ကြာင်း ယင်း ကပြမှုမှာ ပါဝင်ခဲ့သူတစ်ဦးဖြစ်တဲ့ အသက် ၂၈ နှစ်အရွယ် တက္ကသိုလ် ပါမောက္ခတစ်ဦးဖြစ်တဲ့ အေဘီမေးလ် ဂိုမက်ဇ်က ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly