အီရန်မှာ ရေကြီးမှုကြောင့် လူ ၁၉ ဦး သေဆုံး

အီရန်မှာ ရေကြီးမှုကြောင့် လူ ၁၉ ဦး သေဆုံး

တီဟီရန်၊ မတ် ၂၆ ။    ။ အီရန်နိုင်ငံရဲ့ နေရာတော်တော်များများမှာ ရေကြီးမှုတွေ ဖြစ်ပွားရာမှာ လူ ၁၉ ဦး သေဆုံးပြီး ၉၀ ကျော််ထက်မနည်း ဒဏ်ရာရကြပါတယ်။

လမ်းတွေလည်း ပိတ်ဆို့နေပြီး မိုးပိုမိုသည်းထန်လာမယ် သတိပေးချက်နဲ့အတူ မြေပြိုမှုတွေ ဖြစ်လာနိုင်ကြောင်း အရေးပေါ်ဌာနက တနင်္လာနေ့မှာ ပြောပါတယ်။

ဆယ်စုနှစ်များစွာ မိုးခေါင်မှုကို ၂၀၁၈ အထိ ဖြစ်ပေါ်ကြုံတွေ့နေတဲ့ အီရန်မှာ ခုလို ရေကြီးမှုဘေးဟာ မျှော်လင့်စရာ မရှိတဲ့ သဘာဝဘေးတစ်ခုပါပဲ။

တောင်ပိုင်း ရှီရက်ဇ်မြို့မှာပဲ လူ ၁၇ ဦး သေဆုံးပြီး ၉၄ ဦး ဒဏ်ရာရခဲ့ကာ အနောက်ပိုင်း ကာမန်ရှက်နဲ့ လော်ရီစတန်ပြည်နယ်တို့မှာ တစ်ဦးဆီ သေဆုံးခဲ့တာဖြစ်တယ်လို့ ကယ်ဆယ်ရေးဌာနက ဆိုပါတယ်။

အလုပ်သမား တော်တော်များများ အပန်းဖြေခရီးထွက်နေကြတဲ့ အီရန်နှစ်သစ်ကူးအားလပ်ရက် အလယ်ပိုင်းမှာ ဖြစ်ပွားတဲ့ ဒီရေကြီးမှုဘေးကြောင့် နိုင်ငံတော်အရေးပေါ်အခြေအနေ ထုတ်ပြန်ထားရပါတယ်။

အီရန်နိုင်ငံရဲ့ ပြည်နယ် ၃၁ ပြည်နယ်မှာ ၂၅ ပြည်နယ်အတွင်း ခုလို ရေကြီးရေလွှမ်းမှုတွေ ကြုံတွေ့နေတာ ဖြစ်တယ််လို့ အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီက ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly