ပခုက္ကူ၌ တည်းခိုခန်းအတွင်း ဒဏ်ရာများဖြင့် အမျိုးသမီးတစ်ဦး သေဆုံးမှု ဖြစ်ပွား

ပခုက္ကူ၌ တည်းခိုခန်းအတွင်း ဒဏ်ရာများဖြင့် အမျိုးသမီးတစ်ဦး သေဆုံးမှု ဖြစ်ပွား
မတ် ၂၅ ရက်က သေဆုံးသူအား ပခုက္ကူသုဿာန်တွင် မြေမြှုပ်သင်္ဂြိုဟ်စဉ်။ ဓာတ်ပုံ-ပြည့်ဖြိုးကျော်

ပခုက္ကူ၊ မတ် ၂၆ ။     ။ ပခုက္ကူမြို့ရှိတည်းခိုခန်းတစ်ခုတွင်​ လာ​ရောက်​တည်းခို​နေသည်​႔  အမျိုးသမီးတစ်ဦး ဒဏ်ရာများဖြင့် အခန်းတွင်း သေဆုံးနေမှု ဖြစ်ပွားခဲ့သည်ဟု မတ် ၂၅ ရက်တွင် ပခုက္ကူမြို့မရဲစခန်းမှ  သိရသည်။

သေဆုံးခဲ့သည်​႔ အမျိုးသမီးမှာ အဆိုပါ တည်းခိုခန်းသို့ အ​ဖော်​အမျိုးသားတစ်​ဦးဖြင်​႔ ​ မတ် ၁၈ ရက်ဝန်းကျင်ခန့်ကတည်းက လာရောက်တည်းခိုနေထိုင်ခြင်း ဖြစ်ပြီး  သေဆုံးချိန်၌ ခန္ဓာကိုယ်တွင် ဒဏ်ရာများပါ စစ်ဆေးတွေ့ရှိခဲ့ရသည်ဟု ရဲတပ်​ဖွဲ့မှတ်​တမ်းများ အရ သိရသည်​။

စုံစမ်းစစ်ဆေးချက်များအရ ​သေဆုံးသူသည် ရန်​ကုန်​မြို့၊ပုဇွန်​​တောင်​မြို့နယ်​တွင် နေထိုင်သူဖြစ်ပြီး ပခုက္ကူမြို့သို့ လာရောက်တည်းခိုနေခဲ့ခြင်း ဖြစ်သည်။ မတ် ၂၄ ရက် ညပိုင်းကတည်းက သေဆုံးခြင်းဖြစ်သည်ဟု ယူဆရပြီး ယင်းညမှာပင် အတူပါလာသူ အမျိုးသားက ထွက်ခွာသွားခြင်း ဖြစ်သည်။

၎င်းသေဆုံးသူသည် ယခင်က ပခုက္ကူမြို့တွင်နေထိုင်သူဖြစ်ပြီး  နေအိမ်​မှ ထွက်​ခွာသွားသည်​မှာ တစ်နှစ်​​ကျော်​ ကြာမြင်​႔ ခဲ့ပြီးဖြစ်ကြောင်း ​သေဆုံးသူအမျိုးသမီး၏ အ​ဒေါ်ဖြစ်​သူ( ပခုက္ကူမြို့နေသူ) က ဆိုသည်။

"သူ အိမ်​က​နေ ထွက်​သွား​တာ ၁ နှစ်​​ ကျော်​​နေပြီ ။ သူ့ကို တစ်မြို့တည်းနေပြီး ရှာမရတာ ကြာပြီ။ မနက်​ကမှ ရပ်​ကွက်​အုပ်​ချုပ်​​ရေးမှူးက လာ​ခေါ်မှ သူ​ သေတယ်​ဆိုတာ သိရတယ်​"ဟု​ ပခုက္ကူမြို့နေ အ​ဒေါ်ဖြစ်သူက ပြောသည်​။

ရဲတပ်​ဖွဲ့မှတ်တမ်းများအရ ​သေဆုံးသူ အမျိုးသမီးမှာ နှလုံး​ရောဂါ ရှိသည်​ဟု ​ဖော်​ပြထားပြီး ​ဒဏ်​ရာ အချို့ လည်း ရရှိထားသည်​ဟု သိရသည်​။

"အစ်မတို့ မနက်​ကတည်းခိုခန်းလိုက်​ကြည်​႔ တော့ ဆံပင်​​တွေ ရှုပ်​ပွ​နေတာ​ တွေ့တယ်​။ အစ်မကို ရဲ​တွေက စစ်​​တော့ သူ့မှာ ဘာ​ရောဂါရှိလဲ ​မေးတယ်​။သူ့မှာ နှလုံး​ရောဂါရှိတယ်​လို့​ ဖြေလိုက်​တယ်​။ခု သုသာန်​​ရောက်​မှ နားထင်​မှာ ထိုး သွင်းဒဏ်​ရာတစ်​ချက်​​ တွေ့တယ်​။ ပေါင်​​တွေမှာ လည်း ညိုမဲဒဏ်​ရာ တွေ လည်း ​တွေ့တယ်​"ဟု ​သေဆုံးသူ၏ အ​ဒေါ်ဖြစ်​သူက ​ပြောသည်​။

ရဲဘက်မှ ဓမ္မတာအတိုင်း သေဆုံးခြင်းမဟုတ်ဟု ဆေးစာပေးပို့ စစ်ဆေးပြီးနောက် သေဆုံးသွားသူအမျိုးသမီးကို မတ်လ ၂၅ ရက်က ပခုက္ကူသုဿာန်တွင် မြေမြှုပ်သင်္ဂြိုဟ်ခဲ့သည်။

ယင်းဖြစ်​စဉ်​နှင်​႔ ပတ်​သက်​၍ ​အမျိုးသမီး(သေဆုံး) နှင်​႔ အတူ လာ​ရောက်​တည်​းခိုသည်​႔ အမျိုးသားမှာ ထွက်​​ပြေးတိမ်း​ရှောင်​​နေသဖြင်​႔ လိုက်​လံရှာ​ဖွေ​နေ​ ကြောင်း ရဲတပ်​ဖွဲ့မှ သိရသည်​။

လက်​ရှိအချိန်တွင် ယင်းအမျိုးသမီး​သေဆုံးမှုကို ပခုက္ကူမြို့မရဲစခန်းတွင်​ သေမှုသေခင်းမှ လူသတ်မှုပုဒ်မ ၃၀၂ သို့ ပြောင်းလဲအမှုဖွင်​႔လှစ်​ထား​သည်​။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly