ကော့သောင်းရေပြင်အတွင်း ICE မူးယစ်ဆေးဝါးများတင်ဆောင်လာသော လှေတစ်စီးကို ဖမ်းမိ

ကော့သောင်းရေပြင်အတွင်း ICE မူးယစ်ဆေးဝါးများတင်ဆောင်လာသော လှေတစ်စီးကို ဖမ်းမိ

ကော့သောင်း၊ မတ် (၂၅) ။        ။ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့ရေပြင်၌ မတ်လ ၂၄ ရက်နေ့က ICE မူးယစ်ဆေးဝါးများတင်ဆောင် လာသော လှေတစ်စီးကို လှေလုပ်သား ၇ ဦးနှင့်အတူ မြန်မာ့တပ်မတော်ရေမှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများကို ကော့သောင်းရေပြင် မြောက်တော်ဝင်ကျွန်း အနောက်ဘက် မိုင် ၂၀ ခန့််တွင် မသင်္ကာဖွယ် ဖြတ်သန်းမှောင်းပြေးရာ မြန်မာ့တပ်မတော်ရေမှ စစ်ရေယာဉ်ဖြင့် သွားရောက်စစ်ဆေးရာ ICE မူးယစ်ဆေးဝါး ၁၇၃၇ ထုပ်ကို စစ်ဆေးဖမ်းဆီးရမိခဲ့ကြောင်း ကော့သောင်းမြို့မရဲစခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ ဝင်တစ်ဦးက ပြောသည်။

မူးယစ်ဆေးဝါးများ တင်ဆောင်လာသည့် လှေမှာ ရခိုင်ပြည်နယ်မှထွက်ခွာလာခြင်းဖြစ်ပြီး အဆိုပါ ပစ္စည်းများကို မလေးရှားနှင့် အင်ဒိုနီးရှားသို့ ရေလမ်းမှတဆင့် ပို့ဆောင်ရန် သယ်ဆောင်လာခြင်း ဖြစ်ကြောင်းသိရသည်။

ထိုသို့ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် အမျိုးသား ၇ ဦးကို မြန်မာ့တပ်မတော်ရေမှ ကော့သောင်း မြို့နယ် ရဲစခန်းရုံးသို့ မတ်လ ၂၅ရက်တွင် လာရောက် ပို့ဆောင်ပြီး ဆက်လက်အမှုဖွင့် အရေးသွားမည်ဟု သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly