အတ္တလန္တိတ် ကမ်းရိုးတန်းမှာ ယခုနှစ်ထဲ လင်းပိုင်အသေ ၁,၁၀၀ ကျော်ကို တွေ့ရှိထား

အတ္တလန္တိတ် ကမ်းရိုးတန်းမှာ ယခုနှစ်ထဲ လင်းပိုင်အသေ ၁,၁၀၀ ကျော်ကို တွေ့ရှိထား

မတ် ၂၅ ။     ။ ယခုနှစ် ဇန်နဝါရီလနောက်ပိုင်း အတ္တလန္တိတ် ကမ်းရိုးတန်းတစ်လျှောက်မှာ လင်းပိုင်ကောင်ရေ ၁,၁၀၀ ကျော်လောက်ကို သေဆုံးလျက်သား လာရောက်ကမ်းတင်နေတာကို တွေ့ရှိထားရတယ်လို့ ရေနေသတ္တဝါ ထိန်းသိမ်းစောင့်ရှောက်ရေး တာဝန်ရှိသူတွေထံကနေ သိရပါတယ်။

ယင်း လင်းပိုင်အသေတွေအနက် အများစုကတော့ ငါးဖမ်းပိုက်တွေနဲ့ ငြိပြီး သေဆုံးကြရတာဖြစ်တယ်လို့ ပြင်သစ်နိုင်ငံက ရေနေတိရိစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး ကျွမ်းကျင်ပညာရှင် ပယ်လာဂျစ်က ပြောပါတယ်။

ဒါ့ကြောင့် ယင်း အတ္တလန္တိတ် ဇုန်ထဲမှာ လင်းပိုင်တွေကို အရေးပေါ် ကာကွယ်ထိန်းသိမ်းပေးဖို့လိုနေပြီ ဖြစ်ကြောင်း ၎င်းက အကြံပြုသွားပါတယ်။

အလားတူ ရေနေသတ္တဝါတွေကို ထိခိုက်မှု များစေနိုင်တဲ့ ငါးဖမ်းနည်းလမ်းတွေကနေ လင်းပိုင်တွေကို ကာကွယ်ပေးနိုင်ရေးအတွက် အရေးပေါ် လုပ်ဆောင်ချက်တွေ လုပ်ဖို ့လိုနေပြီ ဖြစ်ကြောင်း NGO အဖွဲ့တစ်ခုဖြစ်တဲ့ Sea Shepherd ကလည်း ပြောသွားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly