မြင်းဆွဲတဲ့ကား တီထွင်လိုက်တဲ့ ဘယ်လာရက်စ်လယ်သမား

မြင်းဆွဲတဲ့ကား တီထွင်လိုက်တဲ့ ဘယ်လာရက်စ်လယ်သမား

မတ် ၂၅ ။     ။ ဘယ်လာရက်စ်နိုင်ငံ၊ မိုကီလပ်ဖ်မြို့နားက ကင်ညာဇစ်စီရွာမှာ လယ်သမားတစ်ယောက်ဖြစ်တဲ့ အလက်ဇိုင် အူဇီကော့ခ်ဟာ မြင်းဆွဲတဲ့ကားကို တီထွင်ဖန်တီးလိုက်တယ်လို့ သိရပါတယ်။

အလက်ဇိုင် အူဇီကော့ခ်ဟာ ငယ်ငယ်လေးကတည်းက အသစ်အဆန်းတီထွင်ရတာကို ၀ါသနာပါသူတစ်ဦးဖြစ်ပါတယ်။

သူငယ်ချင်းဖြစ်သူက အလက်ဇိုင်ကို ၎င်းရဲ့ Audi 80 ကားအစုတ်ကို ပေးခဲ့ရာမှ အလက်ဇိုင်က ယခုလိုမြင်းဆွဲတဲ့ကားအဖြစ် ဖန်တီးလိုက်တာဖြစ်ပါတယ်။

“Audi 80 ကားအင်ဂျင်ကိုဖြုတ်လိုက်တယ်။ အခုတော့ Audi 40 ဖြစ်သွားပြီ။”လို့ အလက်ဇိုင်က ရယ်မောရင်းပြောပါတယ်။

အလက်ဇိုင်ဟာ ၎င်းရဲ့မြင်းကားကို လယ်ထွန်သွားရာမှာလည်း အသုံးပြုကြောင်း သိရှိရပါတယ်။

“မြင်းဆွဲတဲ့ကားစီးပြီး လယ်ထဲကိုသွားတော့ သူငယ်ချင်းတွေက အံ့သြကုန်တာ။ ကားထဲမှာ သီချင်းနားထောင်လို့ရတယ်။ ဟွန်းတီးလို့ရတယ်။”လို့ အလက်ဇိုင်က ဆက်ပြောပါတယ်။

ယာဉ်ထိန်းရဲတွေကလည်း အလက်ဇိုင်ရဲ့ မြင်းဆွဲတဲ့ကားနဲ့ပတ်သက်ပြီး ချီးကျူးခဲ့ကြကြောင်း သိရှိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly