ဂါဇာကမ်းမြှောင်ကနေ ဒုံးကျည်ပစ်လွှတ်မှု လက်တုန့်ပြန်မည်ဟု အစ္စရေး ဝန်ကြီးချုပ် ကြုံးဝါး

ဂါဇာကမ်းမြှောင်ကနေ ဒုံးကျည်ပစ်လွှတ်မှု လက်တုန့်ပြန်မည်ဟု အစ္စရေး ဝန်ကြီးချုပ် ကြုံးဝါး

မတ် ၂၅ ။      ။ မတ်လ ၂၅ ရက်က ဂါဇာကမ်းမြှောင်ဆီကနေ ပစ်လွှတ်လိုက်တဲ့ ဒုံးလက်နက်တစ်ခု တဲလ်အဗစ်မြို့ မြောက်ပိုင်းက နေအိမ်တစ်လုံးပေါ် ကျရောက်ခဲ့လို့ လူငါးဦး ဒဏ်ရာရသွားတယ်လို့ အစ္စရေး အာဏာပိုင်တွေက ပြောပါတယ်။

ယင်း ဒုံးကျည်ဟာ အစ္စလမ္မစ် လှုပ်ရှားမှုအဖွဲ့ ဟားမက်စ်တို့ ထိန်းချုပ်ထားရာ ပါလက်စတိုင်းနယ်မြေဘက်ကနေ ပစ်လွှတ်လိုက်ခြင်း ဖြစ်ကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။

ယင်း ဒုံးကျည်တိုက်ခိုက်မှုကြောင့် လာမယ့် ဧပြီ ၉ ရက် အစ္စရေး ရွေးကောက်ပွဲမတိုင်ခင် နှစ်ဘက်အကြား တင်းမာမှုတွေ ပြန်လည် အရှိန်မြင့်တက်လာစေဖို့ ရှိနေပါတယ်။

လက်ရှိအချိန်မှာ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကတော့ ၀ါရှင်တန်မှာ ရောက်ရှိနေပြီး သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံံဖို့ ရှိနေပါတယ်။

ဒါပေမယ့် ယခုလို ဒုံးလက်နက်ပစ်ခတ်မှုကြောင့် ၎င်းအနေနဲ့ သမ္မတထရမ့်နဲ့ တွေ့ပြီးတာနဲ့ အခြားအစီအစဉ်တွေ ဖျက်ကာ ၎င်းရဲ့ နိုင်ငံကို ပြန်သွားတော့မယ်လို့ ပြောထားပါတယ်။

ဒ့ါအပြင် ယခုလို တိုက်ခိုက်မှုအတွက် ပြန်လည် လက်တုန့်ပြန်သွားမယ်လို့ ၎င်းက ကြုံးဝါးပြောဆိုသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly