ကွင်းသစ်ကြီး ဖွင့်လှစ်နိုင်မှုအတွက် တော့တင်ဟမ်ရဲ့ ‘အိပ်မက်တွေ အမှန်တကယ်ဖြစ်လာပြီ’လို့ ပိုချက်တီနို ပြော

ကွင်းသစ်ကြီး ဖွင့်လှစ်နိုင်မှုအတွက် တော့တင်ဟမ်ရဲ့ ‘အိပ်မက်တွေ အမှန်တကယ်ဖြစ်လာပြီ’လို့ ပိုချက်တီနို ပြော
Photos: Spur

နည်းပြ ပိုချက်တီနိုဟာ နောက်ဆုံးတော့ တော့တင်ဟမ်အသင်းရဲ့ ကွင်းသစ်ကြီးထဲမှာ လက်ခံကျင်းပတဲ့ ပထမဆုံး ဘောလုံးပွဲကို ကြည့်ရှုပြီးနောက် သူဟာ ငိုချင်သလို ခံစားချက်မျိုးဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နွေရာသီမှာ ဖွင့်နိုင်ဖို့ စီစဉ်ခဲ့တဲ့ ပွဲကြည့်ခုံ ၆၂,၀၀၀ ဆံ့ အားကစားကွင်းဟာ လာမယ့် ဧပြီ ၃ ရက် ကွင်းဖွင့်ပွဲအကြို စမ်းသပ်ပွဲစဉ်အဖြစ် တနင်္ဂနွေနေ့က အသင်းရဲ့ U-18 နဲ့ ဆောက်သမ်တန်းအသင်းတို့ ပွဲစဉ်ကို ကစားစေခဲ့ပါတယ်။ ဒီပွဲမှာတော့ စပါးရဲ့ လူငယ်အသင်းက ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ကလပ်အသင်းရဲ့ ဝှိုက်ဟတ်လိန်းကွင်းတည်ဆောက်မှုပိုင်းမှာ အကြောင်းကြောင်းကြောင့် နှောင့်နှေးမှုတွေ ရှိခဲ့တာကြောင့် ကွင်းဖွင့်ပွဲကို သတ်မှတ်ချိန်မှာ မကျင်းပနိုင်ခဲ့ဘဲ နောက်ဆုတ်ခဲ့ပါတယ်။ ကွင်းသစ်စီမံကိန်းကို ၂၀၁၇ ခုနှစ်က စတင်ခဲ့တာဖြစ်ပြီး အသင်းရဲ့ ယာယီအိမ်ကွင်းအဖြစ် ဝင်ဘာလေကွင်းကြီးကို ငှားရမ်းအသုံးပြုခဲ့ပါတယ်။

ဒါပေမယ့် တနင်္ဂနွေနေ့မှာတော့ ကွင်းသစ်ကြီးဟာ ပထမဆုံး ပွဲကို လက်ခံကျင်းပခဲ့ပြီး ပိုချက်တီနိုက စိတ်လှုပ်ရှားနေပါတယ်။

"ကျနော်တို့ အားလုံးဟာ တူညီတဲ့ ခံစားမှုမျိုးရှိနေပြီး တကယ်ပဲ စိတ်လှုပ်ရှားခဲ့တယ်။ ကျနော်တို့ ဝှိုက်ဟတ်လိန်းကနေ ထွက်ခွာခဲ့တဲ့ နောက်ဆုံးနေ့က ကျနော်တို့ဟာ ငိုကြွေးခဲ့တဲ့ ခံစားချက်မျိုး ကျနော် ပြန်ခံစားခဲ့ရပါတယ်။ အခုဆိုရင် ကွင်းသစ်ကြီးမှာ ပထမဆုံးနေ့အတွက် ကျနော်တို့ဟာ တူညီတဲ့ စိတ်လှုပ်ရှားမှုကို ခံစားနေပါတယ်။"လို့ ပိုချက်တီနိုက ကစားပွဲ ဒုတိယပိုင်းမှာ ကွင်းထဲမှာ ပြောပါတယ်။

"ကျနော်တို့ ငိုကြွေးဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကျနော်တို့ရဲ့ အိပ်မက် အမှန်တကယ်ဖြစ်လာလို့ပါ။"

Haringey ကောင်စီမှ ဘေးကင်းလုံခြုံမှုနဲ့ သက်ဆိုင်တဲ့ လက်မှတ်တွေ လက်ခံရရှိဖို့အတွက် ကွင်းသစ်ကြီးမှာ ကစားပွဲ နှစ်ပွဲ ကျင်းပဖို့ လိုအပ်ခဲ့ပြီး ဒုတိယမြောက် ပွဲစဉ်ကို လာမယ့် စနေနေ့မှာ အသင်းရဲ့ ဂန္တဝင်အသင်းနဲ့ အင်တာမီလန်အသင်းတို့ ကစားမှာဖြစ်ပါတယ်။ အဆိုပါပွဲစဉ်မှာ ပရိသတ်ဦးရေ ၃၀,၀၀၀ ကနေ ၄၅,၀၀၀ အထိ ဝင်ဆံ့မှု တိုးမြှင့်ပါလိမ့်မယ်။

ပရီးမီးယားလိဂ် အဆင့် ၃ နေရာက စပါးသင်းဟာ ဧပြီ ၃ ရက်မှာ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ လိဂ်ပွဲစဉ်အဖြစ် စီနီအသင်းရဲ့ ပထမဆုံးပွဲစဉ်ကို ကွင်းသစ်ကြီးထဲမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။

စပါးအသင်းရဲ့ အိမ်ကွင်းသစ်ကြီးဟာ ဥရောပရဲ့ အခမ်းနားဆုံးဘောလုံးကွင်းကြီးဖြစ်တော့မှာဖြစ်ပြီး ပရီးမီးယားလိဂ်မှာလည်း ဒုတိယမြောက် အကြီးဆုံးကွင်းဖြစ်လာမှာပါ။ ကွင်းသစ်ကြီးထဲမှာတော့ Sky Bar, Shooping center နဲ့ Hotel တွေ ပါဝင်နေပါတယ်။

Ref; SkySports

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly