ကင်ညာရှိ ရွာလေးတစ်ရွာက ကျောင်းဆရာတစ်ဦး ကမ္ဘာ့အတော်ဆုံးဆရာဆု ချီးမြှင့်ခံရ

ကင်ညာရှိ ရွာလေးတစ်ရွာက ကျောင်းဆရာတစ်ဦး ကမ္ဘာ့အတော်ဆုံးဆရာဆု ချီးမြှင့်ခံရ

မတ် ၂၅ ။     ။ ကင်ညာနိုင်ငံက ဝေးလံခေါင်းပါးတဲ့ ရွာငယ်လေးတစ်ရွာမှာ စာသင်ကြားပေးနေတဲ့ ကျောင်းဆရာတစ်ဦးကိုတော့ ယခုနှစ် ကမ္ဘာ့အတော်ဆုံး ဆရာဆု (2019 Global Teacher Prize) ချီးမြှင့်ပေးအပ်လိုက်ပါတယ်။

ပီတာ တာဘီချီအမည်ရ အဆိုပါကျောင်းဆရာကတော့ သင်္ချာနဲ့ ရူပဗေဒဘာသာရပ်တို့ကို သင်ကြားပေးနေသူ ဆရာတစ်ဦးဖြစ်ကာ ၎င်းရဲ့ လစာငွေအများစုကို နွမ်းပါးချို့တဲ့လှတဲ့ တပည့်တွေကို ထောက်ပံ့ပေးရာမှာ သုံးစွှဲပေးနေခဲ့သူ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် စာသင်ခန်းတွေမှာ ကျောင်းသားတွေ ပြည့်ကျပ်ညှပ်နေပြီး ပြဌာန်းစာအုပ် လုံလောက်ပြည့်စုံခြင်း မရှိတဲ့ ချို့ငဲ့တဲ့ စာသင်ကျောင်းတစ်ကျောင်းမှာ ၎င်းရဲ့ လုပ်ဆောင်ပေးနိုင်မှုတွေအတွက်လည်း ကျောင်းဆရာ ပီတာကို ချီးကျူးဂုဏ်ပြုလျက် ရှိပါတယ်။

ယင်း ကမ္ဘာ့ အတော်ဆုံး ဆရာဆုကိုတော့ ဒူဘိုင်းမြို့မှာ ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်က အခမ်းအနားနဲ့ ကြေညာပေးခဲ့တာဖြစ်ပါတယ်။ ယခုနှစ်မှာတော့ ကင်ညာနိုင်ငံ ရစ်ဖ် တောင်ကြားက ဝေးလံတဲ့အရပ်မှာ တပည့်တွေအပေါ် သူမတူအောင် စေတနာမေတ္တာထား ပညာအမွေပေးနေခဲ့တဲ့ ဆရာတစ်ဦးကို ဂုဏ်ပြုလိုက်ခြင်းဖြစ်ပါတယ်။

ယင်း Global Teacher Prize နဲ့အတူ ဆုကြေးငွေ ဒေါ်လာ ၁ သန်းကိုပါ ချီးမြှင့်ပေးအပ်တယ်လို့ သိရပါတယ်။

နာကူရူမြို့ ပွမ်နီရွာလေးရှိ ကာရီကို အလယ်တန်းကျောင်းမှာ တာဝန်ထမ်းနေတဲ့ ကျောင်းဆရာ ပီတာကတော့ ၎င်းရဲ့ လစာငွေထဲက ၈၀ ရာခိုင်နှုန်းလောက်ကို နွမ််းပါးတဲ့တပည့်တွေကို ထောက်ပ့ံရာမှာ သုံးစွဲတယ်လို့ သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly